ဧသတာ 6:9 - Judson Bible in Zawgyi Version9 ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီးသော မှူးတော်မတ်တော်တစ်ပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ၊ အလိုတော်ရှိသောသူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီးလျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ထိုမင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ဘုရင့်မှူးကြီးမတ်ရာတစ်ပါးပါးလက်သို့ပေးအပ်ပြီး အရှင်မင်းကြီးဂုဏ်ပြုလိုသောသူအား ဆင်ယင်ပေးစေပါ။ ထို့နောက် စီးတော်မြင်းကိုစီးစေ၍ မြို့လမ်းမတစ်လျှောက်လှည့်လည်စေပြီးလျှင် ‘ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုပေးရသည်’ဟူ၍ ရှေ့မှ ကြွေးကြော်သွားစေရမည်”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ထိုနောက်မှူးကြီးမတ်ကြီးတစ်ပါးကို ထိုသူ အားထိုတန်ဆာတော်များကိုဝတ်ဆင်ပေး စေပြီးလျှင် မြင်းပေါ်တွင်တင်၍မြင်းကို ဆွဲကာမြို့ကိုလှည့်လည်လျက်`ဘုရင်မင်းမြတ် သည်မိမိဂုဏ်ပြုချီးမြှင့်လိုသူအားအဘယ် သို့ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့' ဟု ကြွေးကြော်စေတော်မူပါ'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။ |
အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။