Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 3:6 - Judson Bible in Zawgyi Version

6 သူ​တို့​သည် မော်​ဒ​ကဲ​အ​မျိုး​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​တစ်​ယောက်​တည်း​ကို ကွပ်​မျက်​လျှင်၊ စိတ်​မ​ပြေ​လောက်​ဟု ဟာ​မန်​သည် အောက်​မေ့​လျက်၊ မော်​ဒ​ကဲ​အ​မျိုး​သား​ချင်း တည်း​ဟူ​သော အာ​ရွှေ​ရု​နိုင်​ငံ အ​ရပ်​ရပ်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ရှာ​ကြံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 မော်ဒကဲ​၏​လူမျိုး​အကြောင်း​ကို ဟာမန်​အား ပြောပြ​ထား​ကြ​ပြီး​ဖြစ်​၏​။ ဟာမန်​သည် မော်ဒကဲ​တစ်ဦးတည်း​ကို​သာ​သုတ်သင်​ပစ်​လျှင် မတန်​ဟု မြင်​သဖြင့် အာရွှေရု​မင်းကြီး​၏​နိုင်ငံ​တစ်ဝန်းလုံး​ရှိ မော်ဒကဲ​၏​လူမျိုး​ဖြစ်​သည့် ဂျူး​လူမျိုး​အားလုံး​ကို​ပါ ဖျက်ဆီး​ပစ်​ရန် ကြံစည်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 မော်​ဒ​ကဲ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ရ​သ​ဖြင့် ဟာ​မန် သည်​မော်​ဒ​ကဲ​တစ်​ဦး​တည်း​ကို​သာ​မ​ဟုတ်၊ ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း ရှိ ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို​ပါ ကွပ်​မျက်​ရန်​ကြံ​စည်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 3:6
6 ပူးပေါင်းရင်းမြစ်များ  

အာ​ရွှေ​ရု​နန်း​ထိုင်​စ​က ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ အ​ပြစ်​တင်​သော​လွှာ​စာ​ကို ပေး​လိုက်​ကြ၏။


ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ယု​ဒ​လူ​တို့​တစ်​ဖက်၌ ဟာ​မန်​ကြံ​စည်​သော အ​ဓ​မ္မ​အ​ကြံ​ကို သူ၏​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်​အ​ကြောင်း၊ သူ​နှင့်​သူ၏​သား​တို့​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​စေ​မည် အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို ပေး​တော်​မူ​သည်​ဖြစ်၍​လည်း​ကောင်း၊


ဣ​သ​ရေ​လ၏​နာ​မ​ကို နောက်​တစ်​ဖန် အောက်​မေ့​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လာ​ကြ၊ သူ​တို့​အ​မျိုး​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု ဆို​ကြ​ပါ၏။


သ​ဘော တ​ညီ​တ​ညွတ်​တည်း​တိုင်​ပင်၍၊ ကိုယ်​တော်​တစ်​ဖက်၌ အ​ချင်း​ချင်း​သင်း​ဖွဲ့​သော​သူ ဟူ​မူ​ကား။


ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​သော လူ​မျိုး​နှစ်​မျိုး​ကို တစ်​ဖန်​ပယ်​တော်​မူ​ပြီ​ဟု ဤ​လူ​တို့​ပြော​တတ်​သော စ​ကား​ကို သင်​သည်​ဆင်​ခြင်​ပြီ​လော။ ထို​သို့​သူ​တို့​သည် ငါ၏​လူ​မျိုး​ကို လူ​မျိုး​ကဲ့​သို့​မ​မှတ်၊ မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။


ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ