ဧသတာ 3:12 - Judson Bible in Zawgyi Version12 ထိုအခါ ပထမလ တစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုးပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 ထိုအခါ ပထမလ၊ တစ်ဆယ့်သုံးရက်နေ့တွင် ဘုရင့်စာရေးတော်ကြီးများကို ဆင့်ခေါ်၍ ဟာမန်ပြောကြားသည့်အတိုင်း အမိန့်စာကိုရေးသားစေပြီး အုပ်ချုပ်ရေးအရာရှိမင်းများ၊ နယ်မြေဒေသအသီးသီးကိုအုပ်ချုပ်သောဘုရင်ခံများနှင့် လူမျိုးအသီးသီးတို့၏အကြီးအကဲများထံသို့ နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားဖြင့် ပေးပို့၏။ ထိုစာကို အာရွှေရုမင်းကြီး၏နာမည်တပ်၍ ရှင်ဘုရင်၏တံဆိပ်တုံးလက်စွပ်တော်ဖြင့် ခတ်နှိပ်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။- အခန်းကိုကြည့်ပါ။ |
အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော်မြတ်မှတစ်ပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ မည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျက် ရှိပါသည်မဟုတ်လောဟု အမိန့်တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။