Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 2:6 - Judson Bible in Zawgyi Version

6 ထို​သူ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​မှ​စ၍၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု၌ ပါ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ကိရှ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​ကို ဂျေရုဆလင်​မြို့​မှ ဖမ်းခေါ်​သွား​စဉ်တွင် သုံ့ပန်း​အဖြစ် ပါသွား​ခဲ့​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား​ယေ​ရု​ရှ​လင်​မြို့​မှ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သော​အ​ခါ​၌ မော် ဒ​ကဲ​သည်​လည်း​သုံ့​ပန်း​များ​အ​ထဲ​တွင် ပါ​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 2:6
8 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။


ယော​ယ​ကိမ်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သား​တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။


ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​ကို၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၍၊ သူ​တို့​သည် ပေ​ရ​သိ​နိုင်​ငံ မ​တည်​မီ​တိုင်​အောင် ရှင်​ဘု​ရင်​ထံ၊ သား​တော်​မြေး​တော်​ထံ၌ ကျွန်​ခံ​လျက်​နေ​ရ​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မင်း​ကြီး၏​သား ခေါ​နိ​သည်၊ ငါ့​လက်​ယာ​လက်၌​ပါ​သော တံ​ဆိပ်​လက်​စွပ်​မှန်​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင့်​ကို ငါ​ပယ်​ပစ်​မည်။


ဤ​မင်း​သား​ခေါ​နိ​သည် ရို​သေ​ဖွယ်​မ​ဟုတ်၊ ကျိုး​ပဲ့​သော​ရုပ်​တု​ဖြစ်​သ​လော။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော​တန်​ဆာ ဖြစ်​သ​လော။ သူ​နှင့်​တ​ကွ သူ၏​သား​မြေး​တို့​ကို နှင်​ထုတ်၍၊ သူ​တို့​မ​သိ​ဖူး​သော​ပြည်၌ အ​ဘယ်​ကြောင့် ချ​ပစ်​ရ​သ​နည်း။


ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေေ​ခါ​နိ​မင်း​အ​စ​ရှိ​သော ယု​ဒ​မှူး​မတ်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ရှေ့၌​ထား​သော သင်္ဘော​သ​ဖန်း​သီး တောင်း​နှစ်​လုံး​သည် ထင်​ရှား​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ