Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 2:21 - Judson Bible in Zawgyi Version

21 ထို​ကာ​လ​တွင်၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်​စဉ်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​တည်း​ဟူ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့် နှစ်​ယောက်​တို့​သည် ဒေါ​သ​စိတ်​ရှိ၍ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု အား​ထုတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​သော​ကာလ​တွင် ဘုရင့်​အမှုထမ်း​နှစ်​ဦး​ဖြစ်​သော တံခါးစောင့်​ဗိဂသန်​နှင့်​တေရက်​တို့​သည် အာရွှေရု​မင်းကြီး​ကို အမျက်ထွက်​၍ လုပ်ကြံ​ရန် အခွင့်ကောင်း​ရှာ​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 2:21
13 ပူးပေါင်းရင်းမြစ်များ  

ကြည့်​ပါ။ ငါ့​ကိုယ်​ထဲ​က​ထွက်​သော ငါ့​သား​ရင်း​သည် ငါ့​အ​သက်​ကို​ရှာ၏။ ထို​ဗင်္ယာ​မိန်​အ​မျိုး​သား​သည် ထို​မျှ​မ​က အ​ခွင့်​ရှိ​လိမ့်​မည်။ သူ့​ကို ရှိ​ပါ​လေ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။


ရ​ထား​စီး​သူ​ရဲ တစ်​ဝက်​ကို​အုပ်​သော​သူ၊ မိ​မိ​ကျွန်​ဇိ​မ​ရိ​သည်​သင်း​ဖွဲ့၍၊ ဧ​လာ​သည် တိ​ရ​ဇ​မြို့​တွင် နန်း​တော်​အုပ်​အာ​ဇ၏​အိမ်၌ ယစ်​မူး​အောင် သောက်​လျက်​နေ​စဉ်​အ​ခါ၊


ထို​မင်း၏​ကျွန် ရှိ​မတ်​သား ယော​ဇ​ဗဒ်​နှင့် ရှိ​မ​ရိတ်​သား​ယ​ဟော​ဇ​ဗပ်​တို့​သည် ထ၍ သင်း​ဖွဲ့​ပြီး​လျှင်၊ သိ​လ​ရွာ​သို့ သွား​သော​လမ်း၊ မိ​လ္လော​စံ​နန်း​တွင် ယော​ရှ​ကို သေ​အောင်​လုပ်​ကြံ၍၊


မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍ ရှင်​ဘု​ရင်​ကို နန်း​တော်၌ လုပ်​ကြံ​ကြ၏။


အာ​ရွှေ​ရု​နန်း​ထိုင်​စ​က ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ အ​ပြစ်​တင်​သော​လွှာ​စာ​ကို ပေး​လိုက်​ကြ၏။


သ​မီး​က​ညာ​တို့​သည် ဒု​တိ​ယ​အ​ချိန်၌ စု​ဝေး​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်၏။


ထို​နေ့​ည​မှာ ရှင်​ဘု​ရင်​သည် စက်​တော်​ခေါ်၍ မ​ပျော်​နိုင်​သော​ကြောင့်၊ နန်း​တော်​မှတ်​စာ​ကို​ယူ​ခဲ့​ဟု မိန့်​တော်​မူ၍ ရှေ့​တော်၌ ဖတ်​ရ​ကြ၏။


ရှင်​ဘု​ရင် အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု ရှာ​ကြံ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့်​နှစ်​ယောက်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​အ​ကြံ​ကို မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို တွေ့​လျှင်၊


အောင်​မြင်​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​တို့​အား​ပေး​တော်​မူ၏။ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​ကို ဆိုး​သော​ဓား​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။


ထို​အ​ခါ ဒံ​ယေ​လ​သည် သံ​တော်​ဦး​တင်​သော​ကြောင့်၊ မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ဒံ​ယေ​လ​သည် နန်း​တော်​ဦး၌ နေ​ရ​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ