Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 10:1 - Judson Bible in Zawgyi Version

1 ရှင်​ဘု​ရင် အာ​ရွှေ​ရု​သည် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ ပင်​လယ်​တွင်​ရှိ​သော ကျွန်း​တို့​ပေါ်၌​လည်း​ကောင်း၊ ငွေ​တော်​ခွဲ​ကြောင်း အ​စ​ရှိ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို့နောက် အာရွှေရု​မင်းကြီး​သည် ပြည်​တော်​တစ်ခွင် ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​ပါမကျန် အခွန်​စည်းကြပ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဇေ​ရဇ်​မင်း​သည်​မိ​မိ​၏​အင်​ပါ​ယာ​နိုင်​ငံ တော်​ကမ်း​ရိုး​တန်း​ဒေ​သ​များ​တွင်​နေ​ထိုင် သူ​များ​နှင့် နိုင်​ငံ​တော်​အ​တွင်း​ပိုင်း​တွင်​နေ ထိုင်​သူ​များ​ကို ချွေး​တပ်​များ​တွင်​အ​မှု ထမ်း​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 10:1
8 ပူးပေါင်းရင်းမြစ်များ  

ဤ​သူ​တို့​သည် လူ​အ​မျိုး​မျိုး တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ​နယ်​တို့​ကို ဘာ​သာ​အ​သီး​အ​သီး၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ခွဲ​ဝေ​ကြ၏။


အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊


ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊


တာ​ရှု​မင်း​တို့​နှင့် ပင်​လယ်​တစ်​ဖက်၌ နေ​သော​မင်း​တို့​သည် အ​ခွန်​သွင်း၍၊ ရှေ​ဘ​မင်း​နှင့် သေ​ဘ​မင်း​တို့​သည်​လည်း လက်​ဆောင်​ပ​ဏ္ဏာ​များ​ကို ဆက်​ကြ​လိမ့်​မည်။


ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။


သို့​ဖြစ်၍၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၌၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း ချီး​မွမ်း​ကြ​လော့။


တစ်​ဖန် ကျွန်း​စု​သို့ မျက်​နှာ​လှည့်၍ ကျွန်း​အ​များ​တို့​ကို လုပ်​ကြံ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဗိုလ်​မင်း​တစ်​ပါး​သည် မိ​မိ​ခံ​ရ​သော အ​သ​ရေ​ဖျက်​ခြင်း​ကို မိ​မိ​မှ​လွှဲ​ပယ်၍၊ ထို​အ​သ​ရေ​ဖျက်​ခြင်း​ကို တိုက်​လာ​သော မင်း​အ​ပေါ်​သို့ ပြန်​ရောက်​စေ​လိမ့်​မည်။


ထို​အ​ခါ တစ်​နိုင်​ငံ​လုံး​ကို စာ​ရင်း​ယူ​စေ​ခြင်း​ငှာ ကဲ​သာ​ဘု​ရင် ဩ​ဂု​တ္တု​သည် အ​မိန့်​တော်​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ