Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 1:20 - Judson Bible in Zawgyi Version

20 သို့​ပြု​လျှင် ရှင်​ဘု​ရင်​ပေး​တော်​မူ​သော အ​မိန့်​တော်​ကို ကျယ်​ဝန်း​သော နိုင်​ငံ​တော်​တစ်​လျှောက်​လုံး ကြော်​ငြာ​သော​အ​ခါ၊ မိန်း​မ​အ​ပေါင်း​တို့​သည် ကိုယ်​ခင်​ပွန်း အ​ယုတ်​အ​မြတ်​တို့​ကို ရို​သေ​ကြ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ရှေ့​မှာ လျှောက်​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 အရှင်မင်းကြီး​ချမှတ်​သော​အမိန့်​ကို ကျယ်ပြော​လှ​သော​နိုင်ငံ​တစ်ဝန်းလုံး​သို့ ကြေညာ​လျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမ​အပေါင်း​တို့​သည် ကိုယ့်​ယောက်ျား​ကို ကိုယ်​ရိုသေနာခံ​ကြ​လိမ့်မည်”​ဟု လျှောက်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 1:20
8 ပူးပေါင်းရင်းမြစ်များ  

ထို​စ​ကား​ကို ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် နှစ်​သက်၍ မ​မု​ကန်​လျှောက်​သည်​အ​တိုင်း ရှင်​ဘု​ရင်​ပြု​လျက်၊


တစ်​ဖန် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် စိတ်​တော်​ပြေ​သော​အ​ခါ၊ ဝါ​ရှ​တိ​ကို​လည်း​ကောင်း၊ သူ​ပြု​သော​အ​မှု​နှင့် သူ့​တစ်​ဖက်၌​စီ​ရင်​သော အ​မှု​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။


အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-


သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။


ထို​သ​တင်း​ကို လူ​ခပ်​သိမ်း​တို့​သည်​ကြား​လျှင် ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့် နောက်​တစ်​ဖန် ရဲ​ရင့်​စွာ မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။


မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။


အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ