ဧသတာ 1:18 - Judson Bible in Zawgyi Version18 မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်း ရှိပါလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 ယနေ့လည်း မိဖုရား၏အပြုအမူကိုကြားသိကြသော ပါးရှားပြည်နှင့် မေဒိပြည်မှအကြီးအကဲကတော်တို့သည် အရှင်မင်းကြီးခန့်ထားသောအကြီးအကဲအပေါင်းတို့ကို ထိုအတိုင်း ပြောဆိုဆက်ဆံကြပါလိမ့်မည်။ သို့ဖြစ်၍ မထီလေးစားပြုခြင်းနှင့် အမျက်ထွက်ခြင်းတို့ များပြားလာပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တစ်ဖန် မဝင်စေခြင်းငှာ အလိုတော်ရှိလျှင် မဝင်စေနှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော်ရှိစေခြင်းငှာ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေတော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။