Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 1:17 - Judson Bible in Zawgyi Version

17 ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ခေါ်၍၊ မိ​ဖု​ရား​မ​လာ​ဟု အ​နှံ့​အ​ပြား ပြော​ကြ​သ​ဖြင့်၊ မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ခပ်​သိမ်း​သော​မိန်း​မ​တို့​သည် ကြား၍ မိ​မိ​တို့​ခင်​ပွန်း​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 မိဖုရား​၏​အပြုအမူ​ကို မိန်းမ​အပေါင်း​တို့​ကြားသိ​လျှင် ‘အာရွှေရု​မင်းကြီး​သည် မိဖုရား​ဝါရှတိ​ကို ရှေ့မှောက်​သို့ အခစားဝင်​စေ​သည်​ကို​ပင် သူ​မ​ဝင်’​ဟု ပြောဆို​ကြ​ပြီး ကိုယ့်​ခင်ပွန်း​ကို မထီမဲ့မြင်ပြု​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 1:17
5 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ဒါ​ဝိဒ်​မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် ပြူ​တင်း​ပေါက်​ဖြင့်​ကြည့်၍၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ က​လျက်​ခုန်​လျက်​လာ​သည်​ကို​မြင်၍ စိတ်​နှ​လုံး​ထဲ၌ မ​ထီ​မဲ့​မြင်​ပြု၏။


အာ​ရွှေ​ရု​နန်း​ထိုင်​စ​က ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ အ​ပြစ်​တင်​သော​လွှာ​စာ​ကို ပေး​လိုက်​ကြ၏။


မ​မု​ကန်​က၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး​ကို​သာ ပြစ်​မှား​သည် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အာ​ရွှေ​ရု အ​စိုး​ရ​တော်​မူ​သော တိုင်း​ပြည်​အ​ရပ်​ရပ်၌ ရှိ​သော မင်း​များ​နှင့် ဆင်း​ရဲ​သား​များ အ​ပေါင်း​တို့​ကို ပြစ်​မှား​ပါ​ပြီ။


မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ပေ​ရ​သိ၊ မေ​ဒိ မင်း​က​တော်​တို့​သည် ကြား​သိ​ကြ​လျှင်၊ မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​အား ထို​နည်း​တူ ပြန်​ပြော​သ​ဖြင့်၊ အား​မ​နာ တတ်​သော​စိတ်၊ ဒေါ​သ​စိတ် တိုး​ပွား​စ​ရာ​အ​ကြောင်း ရှိ​ပါ​လိမ့်​မည်။


သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ