Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 1:14 - Judson Bible in Zawgyi Version

14 မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန်​တည်း​ဟူ​သော ရှင်​ဘု​ရင်၏ မျက်​နှာ​တော်​ကို အ​စဉ်​ဖူး​မြင်၍၊ နိုင်​ငံ​တော်​တွင် အ​မြတ်​ဆုံး​သော ပေ​ရ​သိ၊ မေ​ဒိ​အ​တွင်း​ဝန်​မင်း ခု​နစ်​ပါး​တို့​သည် အ​နား​တော်၌ ထိုင်​လျက်​ရှိ၍၊ တ​ရား​စီ​ရင်​ရာ​လမ်း​ကို လေ့​ကျက်​သော​သူ အ​ပေါင်း​တို့​နှင့် ရှင်​ဘု​ရင်​တိုင်​ပင်​သော ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော ထို​ပ​ညာ​ရှိ​တို့​ကို​ခေါ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ရှင်ဘုရင်​ရှေ့​တော်​တွင် ခစား​ရ​ပြီး နိုင်ငံ​တော်​၌ အမြင့်ဆုံး​ရာထူး​ရရှိ​ထား​သူ​၊ ရှင်ဘုရင်​နှင့်​အနီးကပ်​နေ​ရ​သူ​များ​မှာ ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​အကြီးအကဲ​ခုနစ်​ဦး​ဖြစ်​သော ကာရှေန​၊ ရှေသာ​၊ အာဒမာသ​၊ တာရှု​၊ မေရက်​၊ မာသေန​၊ မမုကန်​တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 မင်း​ကြီး​အ​များ​ဆုံး​တိုင်​ပင်​လေ့​ရှိ​သော သူ​များ​မှာ ပေ​ရ​သိ​နှင့်​မေ​ဒိ​အ​မတ်​များ ဖြစ်​ကြ​သော​ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန် တို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ကား​နိုင်​ငံ​တော် တွင်​အ​မြင့်​ဆုံး​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့် ခြင်း​ခံ​ရ​သူ​များ​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 1:14
6 ပူးပေါင်းရင်းမြစ်များ  

စစ်​သူ​ရဲ​တို့​ကို​အုပ်​သော ဗိုလ်​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော တိုင်​ပင်​မှူး​မတ်​ငါး​ယောက်၊ ပြည်​သူ​ပြည်​သား​များ​ကို နှိုး​ဆော်​သော တပ်​စာ​ရေး​ကြီး​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော ပြည်​သား​ခြောက်​ဆယ်​တို့​ကို မြို့​ထဲ​က​ခေါ်​သွား၍၊


အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​လေ့​ကျက်​သည်​အ​တိုင်း၊ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့၌ တ​ရား​အ​မှု​များ​ကို မေး​မြန်း​စစ်​ဆေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊


မိန်း​မ​စိုး​ဆင့်​ဆို​သော ငါ​ရှင်​ဘု​ရင်​အာ​ရွှေ​ရု အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် နား​မ​ထောင်​သော​ကြောင့်၊ ဓ​မ္မ​သတ်​အ​တိုင်း သူ၌ အ​ဘယ်​သို့ စီ​ရင်​ရ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊


စစ်​သူ​ရဲ​တို့​ကို အုပ်​သော ဗိုလ်​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော တိုင်​ပင်​မှူး​မတ် ခု​နစ်​ယောက်၊ ပြည်​သူ​ပြည်​သား​များ​ကို နှိုး​ဆော်​သော တပ်​စာ​ရေး​ကြီး​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော ပြည်​သား​ခြောက်​ဆယ်​တို့​ကို မြို့​ထဲ​က​ခေါ်​သွား၍၊


သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-


မျက်​နှာ​တော်​ကို​မြင်​ရ၍ သူ​တို့​န​ဖူး၌​လည်း နာ​မ​တော် ရေး​ထား​လျက်​ရှိ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ