Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက္ဩဝါဒစာ 6:24 - Judson Bible in Zawgyi Version

24 ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို အ​မှန်​ချစ်​သော​သူ အ​ပေါင်း​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ဧ​ဖက်​ဩ​ဝါ​ဒ​စာ​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို မ​ဖောက်ပြန်​သော​မေတ္တာ​ဖြင့် ချစ်​သော​သူ​အပေါင်း​တို့​အပေါ်​၌ ကျေးဇူး​တော်​သက်ရောက်​ပါစေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​မ​ပြယ်​နိုင်​သည့် မေတ္တာ​ဖြင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ချစ် ကြ​ကုန်​သော​လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သက်​ရောက် ပါ​စေ​သော။ ဧ​ဖက်​သြ​ဝါ​ဒ​စာ​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက္ဩဝါဒစာ 6:24
16 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့၊-


ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။


အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။-


ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊-


သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ မိတ်​သ​ဟာ​ယ​တော်​လည်း​ကောင်း၊ သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ကော​ရိ​န်သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။


အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-


ထို​သို့​ဆို​သော်၊ ပ​ညတ်​အား​ဖြင့် ငါ​ဆို​သည် မ​ဟုတ်။ အ​ခြား​သော​သူ​တို့၏ ကြိုး​စား​အား​ထုတ်​ခြင်း​ကို အ​စွဲ​ပြု၍၊ သင်​တို့၏​မေ​တ္တာ​သည် မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း​သော​အား​ဖြင့် ဆို​သ​တည်း။-


ညီ​အစ်​ကို​တို့၌ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။ ခ​မည်း​တော်​ဘု​ရား​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ် ပေး​တော်​မူ​သော ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေ​တ္တာ​ရှိ​ပါ​စေ​သော။-


ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော​ပေါ​လု​နှင့် တိ​မော​သေ​သည်၊ ဖိ​လိ​ပ္ပိ​မြို့၌​ရှိ​သော သင်း​အုပ်​တို့​နှင့် သင်း​ထောက်​တို့​မှ​စ၍ ယေ​ရှု​ခ​ရစ်၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-


ငါ​ပေါ​လု​သည် သင်​တို့​အား နှုတ်​ဆက်​သော​အ​ချက်​ကို ကိုယ်​လက်​ဖြင့် ရေး​ထား၏။ ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကို အောက်​မေ့​ကြ​လော့။ သင်​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ကော​လော​သဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။


သ​ခင်​ယေ​ရှု​ခ​ရစ်​သည် သင်၏​စိတ်​ဝိ​ညာဉ်​နှင့် အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ သင်၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။


အ​ရာ​ရာ၌ ကောင်း​သော​အ​ကျင့်​တို့၏ ပုံ​သက်​သေ​ကို ကိုယ်​တိုင်​ပြ​လော့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​အ​ခါ၊ မိ​စ္ဆာ​ဒိ​ဋ္ဌိ​နှင့်​ကင်း​ခြင်း၊ တည်​ကြည်​ခြင်း၊-


ငါ့​ထံ​မှာ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။ ယုံ​ကြည်​ခြင်း​နှင့်​တ​ကွ ငါ​တို့​ကို ချစ်​သော​သူ​များ​ကို နှုတ်​ဆက်​လော့။ သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​တု​ဩ​ဝါ​ဒ​စာ​ပြီး၏။


သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ