Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက္ဩဝါဒစာ 5:4 - Judson Bible in Zawgyi Version

4 မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 မဖွယ်မရာ​ပြုမူ​ခြင်း၊ မိုက်မဲ​စွာ​ပြောဆို​ခြင်း​နှင့် ညစ်ညမ်း​သော​ပြက်လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်လျော်​သဖြင့် ရှောင်ရှား​၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက္ဩဝါဒစာ 5:4
29 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ထော​မ​နာ​ပြု​ခြင်း​အ​ကျင့်​သည် သ​ဘော​ဖြောင့်​သော​သူ​တို့​နှင့် ထိုက်​တန်​လျောက်​ပတ်​ပေ၏။


ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍၊


ပ​ညာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​သိ​သော​အ​ရာ​ကို​ပင် ထိမ်​ဝှက်​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​အ​လို​အ​လျောက် မိုက်​သော​သ​ဘော​ကို ထင်​ရှား​ပြ​တတ်၏။


ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။


မိ​မိ​အိမ်​နီး​ချင်း​ကို လှည့်​စား​သော​သူ​သည် မီး​စ၊ မြား၊ သေ​ဘေး​ကို ပစ်​တတ်​သော​အ​ရူး​နှင့်​တူ၏။


သူ၏​စ​ကား​အ​စ​သည် မိုက်​ခြင်း၊ အ​ဆုံး​သည် အ​ပြစ်​ပြု​တတ်​သော ရူး​ခြင်း​ဖြစ်၏။


အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြူ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။


သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊-


အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊-


ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊-


သင်​တို့​သည်​ကူ​ညီ၍ ငါ​တို့​အ​ဖို့ ဆု​တောင်း​လျှင်၊ နောက်၌​လည်း ကယ်​လွှတ်​တော်​မူ​လ​တ္တံ့​ဟု ငါ​တို့​သည် ယုံ​ကြည်​မျှော်​လင့်​ခြင်း​ရှိ၏၊ ထို​သို့​ဖြစ်​လျှင် အ​များ​သော​သူ​တို့​သည် ကူ​ညီ​သော​အား​ဖြင့် ငါ​တို့၌ ရောက်​သော ကျေး​ဇူး​ကို အ​များ​သော​သူ​တို့​သည်​ထောက်၍ ငါ​တို့​အ​တွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။


ပြော၍​မ​ကုန်​နိုင်​သော ဘု​ရား​သ​ခင်၏ ဆု​ကျေး​ဇူး​တော်​ကို အောက်​မေ့၍ ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။


သင်​တို့​ကို​အ​ကြောင်း​ပြု၍ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။-


ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။-


အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-


ယ​ခု​မူ​ကား၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​ဆို​ခြင်း၊ ညစ်​ညူး​သော စ​ကား​ကို သုံး​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှုတ်​မှ ပယ်​ရှင်း​ကြ​လော့။-


ငါ​တို့၏ ဘု​ရား​သ​ခင်​ရှေ့၌ သင်​တို့၏​အ​ကြောင်း​ကြောင့် ငါ​တို့​ခံ​ရ​သော ဝမ်း​မြောက်​ခြင်း​အ​ပေါင်း​ကို ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ဘယ်​သို့ ဆပ်​နိုင်​သ​နည်း။-


အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။-


ထို​ကြောင့်၊ သင်​သည် ပြု​သင့်​သော​အ​မှု​အ​ရာ​ကို ပ​ညတ်​ထား​ခြင်း​ငှာ၊ ငါ​သည် ခ​ရစ်​တော်​အား​ဖြင့် အ​လွန်​ရဲ​ရင့်​စ​ရာ အ​ခွင့်​ရှိ​သော်​လည်း၊-


ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-


အ​ကြောင်း​မူ​ကား၊ မှား​ယွင်း​ခြင်း၌ ကျင်​လည်​သော သူ​တို့​အ​ထဲ​က ပြေး​ထွက်​လု​သော​သူ​တို့​ကို၊ ထောင်​လွှား​သော အ​ချည်း​နှီး​စ​ကား ပြော​သည်​နှင့်၊ ဇာ​တိ​ပ​က​တိ တပ်​မက်​ခြင်း၊ ကိ​လေ​သာ​လွန်​ကျူး​ခြင်း​အား​ဖြင့် အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။-


ထို​အ​ခါ မ​တ​ရား​သော​သူ​တို့၏ ညစ်​ညူး​သော အ​ကျင့်​အား​ဖြင့် နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​သူ၊ ဖြောင့်​မတ်​သော လော​တ​ကို ကယ်​နုတ်​တော်​မူ၏။-


ထို​သူ​တို့​မူ​ကား၊ မိ​မိ​တို့​နား​မ​လည်​သော အ​ရာ​များ​ကို ကဲ့​ရဲ့​တတ်​ကြ၏။ တိ​ရ​စ္ဆာန်​ကဲ့​သို့ ပ​က​တိ​အ​တိုင်း မိ​မိ​တို့​နား​လည်​သော အ​ရာ​များ​ဖြင့် မိ​မိ​တို့​ကို ပုပ်​ပျက်​စေ​တတ်​ကြ၏။-


မိ​မိ​ရှက်​ခြင်း​အ​ကြောင်း​ကို ပွက်​စေ​တတ်​သော လှိုင်း​တံ​ပိုး​ရိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြယ်​ပျံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြယ်​ပျံ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ