ဧဖက်ဩဝါဒစာ 4:12 - Judson Bible in Zawgyi Version12 သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှာ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း၊ ခန့်ထားတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12-13 ဤသည်ကား ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။- အခန်းကိုကြည့်ပါ။ |
လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသော သခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှာ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေခြင်းငှာ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊-
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊-
ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့ စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသော ဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကို ရသောသူ၊ အနက်ဖော်ပြရာကို ရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှာ စီရင်ကြလော့။-
ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာဝမ်းမြောက်ခြင်း ရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်း အသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်း ချမ်းသာကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတ္တံ့။-
သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။-
ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍မတည်ဘဲ၊ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။-