Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက္ဩဝါဒစာ 2:7 - Judson Bible in Zawgyi Version

7 အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​အား​ဖြင့် ငါ​တို့၌ ကျေး​ဇူး​ပြု၍၊ ကျေး​ဇူး​တော်၏ အ​လွန်​ကြွယ်​ဝ​ခြင်း​ကို နောင်​ကပ်​ကာ​လ​တို့၌ ထင်​ရှား​စေ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက္ဩဝါဒစာ 2:7
13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လူ​ခပ်​သိမ်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ​ကြ​စေ။ ဟာ​လေ​လု​ယ။


ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။


သင့်​ကို အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​ရ​မည်​အ​ကြောင်း၊ သူ​တစ်​ပါး​တို့​သည် သင့်​ကို စွန့်​ပစ်​ရွံ​ရှာ​ကြ​သည်​အ​တွက်၊ ငါ​သည် သင့်​ကို ထာ​ဝ​ရ​အ​ထွဋ်​အ​မြတ် ဖြစ်​စေ​မည်။ လူ​မျိုး​အ​စဉ်​အ​ဆက် ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​လည်း ဖြစ်​စေ​မည်။


ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။-


ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။-


သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊-


ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သင်း​တော်၌ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။


ထို​နက်​နဲ​သော​အ​ရာ​ကို သန့်​ရှင်း​သော တ​မန်​တော်​တို့​နှင့် ပ​ရော​ဖက်​တို့​အား၊ ယ​ခု​ကာ​လ၌ ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွင့်​လှစ်​တော်​မူ​သည်​နည်း​တူ၊ အ​ခြား​သော​ကာ​လ​တို့၌ လူ​မျိုး​တို့​အား ပြ​တော်​မ​မူ။-


ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ စေ​တ​နာ​တော်​နှင့် လူ​တို့​ကို​ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ပေါ်​ထွန်း​သော​အ​ခါ၊-


ကိုယ်​ဟော​ပြော​ပြု​စု​သော အ​ရာ​များ​တို့​သည်၊ ကိုယ်​အ​ဖို့ မ​ဟုတ်၊ သင်​တို့​အ​ဖို့ ဖြစ်​သည်​ဟု ထို​သူ​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ကောင်း​ကင်​ဘုံ​မှ စေ​လွှတ်​တော်​မူ​သော သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ပါ​လျက်၊ သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​သူ​တို့​သည်၊ ထို​အ​ရာ​များ​ကို သင်​တို့​အား ယ​ခု​ကြား​ပြော​ကြ​ပြီ။ ထို​အ​ရာ​တို့​ကို ကောင်း​ကင်​တ​မန်​တို့​သည် စေ့​စေ့​ကြည့်​ရှု စဉ်း​စား​ချင်​သော စေ​တ​နာ​စိတ် ရှိ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ