Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက္ဩဝါဒစာ 2:21 - Judson Bible in Zawgyi Version

21 ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက္ဩဝါဒစာ 2:21
12 ပူးပေါင်းရင်းမြစ်များ  

ထို​အိမ်​တော်​ကို တည်​လုပ်​သော​အ​ခါ၊ ထို​အ​ရပ်​သို့​မ​ဆောင်​ခဲ့​မီ ဆစ်​ပြီး​သော ကျောက်​တို့​ဖြင့်​သာ​တည်​လုပ်​သော​ကြောင့်၊ သံ​တူ၊ ပု​ဆိန်၊ သံ​တန်​ဆာ​နှင့်​လုပ်​သော​အ​သံ မ​မြည်​ရ။


သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​လွန် မြဲ​မြံ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​သည် အ​စဉ်​အ​မြဲ အိမ်​တော်၏​အ​သ​ရေ​ဖြစ်​ပါ​သ​တည်း။


တောင်​ခန်း​တံ​ခါး​တို့​သည်​လည်း မြောက်​ခန်း​တံ​ခါး​တို့​နှင့် တူ​သည်​ဖြစ်၍၊ တံ​တိုင်း​တစ်​ဖက်​တစ်​ချက်၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော စင်္ကြံ​ဦး၌ ဝင်​ရာ​တံ​ခါး​ဝ​ရှိ၏။


ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။-


ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-


ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ