Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက္ဩဝါဒစာ 1:16 - Judson Bible in Zawgyi Version

16 သင်​တို့​ကို​အ​ကြောင်း​ပြု၍ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သင်​တို့​အတွက် အစဉ်မပြတ်​ကျေးဇူး​တော်​ချီးမွမ်း​လျက် ငါ​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက္ဩဝါဒစာ 1:16
11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ချမ်း​သာ​ရ​သော​အ​ခါ ကျွန်ုပ်​ကို​အောက်​မေ့၍ ကျေး​ဇူး​ပြု​ပါ​လော့။ ဖာ​ရော​ဘု​ရင်​ကို​လျှောက်၍ ကျွန်ုပ်​ကို​ဤ​အိမ်​မှ​နုတ်​ယူ​ပါ။


အို ယေ​ရု​ရှ​လင်​မြို့၊ နေ့​ည​မ​ပြတ် တိတ်​ဆိတ်​စွာ​မ​နေ​ရ​သော လူ​စောင့်​တို့​ကို သင်၏​မြို့​ရိုး​ပေါ်​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​စေ​သော​သူ​တို့၊ တိတ်​ဆိတ်​စွာ မ​နေ​ကြ​နှင့်။


သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်၍၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ကြ​သည်​ဟု ငါ​တို့​သည် ကြား​သ​ဖြင့်​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​သည် အ​ထက်​က ကြား​သိ​ကြ​သည်​အ​တိုင်း၊ သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​သော မျှော်​လ​င့်​ရာ​ကို ထောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း၍၊-


ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-


ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌၊ သင်​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် အ​ကျင့်​ကို​ကျင့်​ခြင်း၊ ချစ်​သော​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​ခြင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မျှော်​လ​င့်​သော​စိတ်​နှင့် တည်​ကြည်​ခြင်း​တို့​ကို ငါ​တို့​သည် အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်၊ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ရွေး​ကောက်​တော်​မူ​ခြင်း​ကို သိ​လျက်၊ သင်​တို့​အ​ပေါင်း​ကို အ​ကြောင်း​ပြု​သ​ဖြင့်၊-


မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။-


ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။


ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။


ရှ​မွေ​လ​အား၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပါ​လော့​ဟု ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ