Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒေ​သ​နာ 8:11 - Judson Bible in Zawgyi Version

11 အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 မကောင်း​သော​အမှု​အတွက် စီရင်ချက်​အလျင်အမြန်​မ​ချမှတ်​သောကြောင့် လူသား​တို့​၏​စိတ်နှလုံး​သည် မကောင်းမှု​ပြု​လို​သော​သဘော​နှင့် ပြည့်ဝ​လျက်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေ​သ​နာ 8:11
19 ပူးပေါင်းရင်းမြစ်များ  

မှာ​စာ​ချက်​ဟူ​မူ​ကား၊ ကျပ်​တည်း​စွာ စစ်​တိုက်​ရာ​တပ်​ဦး၌ ဥ​ရိ​ယ​ကို​ခန့်​ထား​ပြီး​မှ၊ သူ​သည် ရန်​သူ​လက်​သို့​ရောက်၍ သေ​စေ​ခြင်း​ငှာ တပ်​များ​ကို​ရုပ်​သိမ်း​လော့​ဟု ပါ​သ​တည်း။


သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။


မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။


ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော၊ က​ရု​ဏာ​နှင့် သ​စ္စာ ကြွယ်​ဝ​သော​သ​ဘော​နှင့် ပြည့်​စုံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ရှေ့၌​ကြွ​သွား​တော်​မူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား၊ ချစ်​သ​နား​ခြင်း​မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ကြွယ်​ဝ​တော်​မူ​ထ​သော၊


ဖာ​ရော​မင်း​လည်း၊ သက်​သာ​ရ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။


ထို​အ​ခါ၌​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ၏။


နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။


မ​တ​ရား​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သော်​လည်း၊ တ​ရား​ကို မ​သင်​တတ်​ပါ။ တ​ရား​ကျင့်​ရာ​ပြည်၌​ပင် အ​ဓ​မ္မ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို ပ​မာ​ဏ​မ​ပြု​တတ်​ပါ။


သင်​သည် သ​စ္စာ​ပျက်​သည် တိုင်​အောင်​လည်း​ကောင်း၊ ငါ့​ကို​မေ့​လျော့၍ သ​တိ​မ​ပြု​ဘဲ​နေ​သည် တိုင်​အောင်​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ကြောက်​ရွံ့​သ​နည်း။ ငါ​သည် ရှေး​ကာ​လ​မှ​စ၍ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ သင်​သည် ငါ့​ကို​မ​ကြောက်​ဘဲ နေ​သည်​မ​ဟုတ်​လော။


ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို ကြား​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာဝ​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ သွား​ခြင်း​ငှာ ကျပ်​ကျပ် မျက်​နှာ​ပြု​လျက်၊ ထို​ပြည်​သို့ အ​မှန်​သွား၍ တည်း​ခို​လျှင်၊


မော​ဘ​သည် အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ မ​ပြောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ယူ​သွား​ခြင်း​ကို မ​ခံ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ငြိမ်​လျက်၊ မိ​မိ​အ​ဖတ်​အ​နည်​ပေါ်၌ နေ​ရာ​ကျ​လျက်​ရှိ​သော​ကြောင့်၊ မိ​မိ​အ​ရ​သာ​သည် တည်​နေ၏။ မွှေး​သော​အ​နံ့​လည်း မ​ပျက်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ