Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 9:23 - Judson Bible in Zawgyi Version

23 ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သွား၍​ငါ​ပေး​သော​ပြည်​ကို သိမ်း​ယူ​ကြ​လော့​ဟု သင်​တို့​ကို စေ​ခိုင်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ငြင်း​ဆန်​ကြ၏။ ကိုယ်​တော်​ကို​မ​ယုံ၊ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ထာဝရဘုရား​သည် သင်​တို့​ကို ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​၍ ‘​သင်​တို့​အား ငါ​ပေး​သော​ပြည်​ကို သွား​၍​သိမ်းပိုက်​လော့​’​ဟု မိန့်​တော်မူ​သောအခါ​၌​လည်း သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​ကြ​၏​။ သင်​တို့​သည် ကိုယ်တော်​ကို​မ​ယုံ​၊ ကိုယ်တော်​၏​စကား​တော်​ကို​လည်း​နား​မ​ထောင်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သွား​ရောက်​သိမ်း​ယူ​ရန် သင်​တို့​အား​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​သော​အ​ခါ သင်​တို့ သည်​ပုန်​ကန်​ကြ​၏။ ကိုယ်​တော်​ကို​မ​ယုံ၊ အ​မိန့်​တော်​ကို​နာ​မ​ခံ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 9:23
13 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ အ​ထက်​မိုး​တိမ်​တို့​ကို​မှာ​ထား​လျက်၊ ကောင်း​ကင်​တံ​ခါး​တို့​ကို​ဖွင့်၍၊ သူ​တို့​စား​စ​ရာ​ဖို့ မ​န္န​ကို မိုး​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ကင်​ဆန်​စ​ပါး​ကို ပေး​တော်​မူ​သည်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​မြတ်​သော သူ​တို့၏​အ​စာ​ကို​သုံး​ဆောင်၍၊ ဝ​ပြော​စွာ​စား​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မ​ကိုး​စား​ဘဲ​နေ​ကြ၏။


သူ​တို့​သည်​လည်း ပုန်​ကန်​၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နာ​စေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့​ကို ရန်​ဘက်​ပြု၍ စစ်​တိုက်​တော်​မူ​၏။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊


ထို​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ မြည်​တမ်း​သ​ဖြင့်၊ တစ်​ည​လုံး​ငို​ကြွေး​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်​သော​စ​ကား​နှင့် မြည်​တမ်း​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ မ​သေ​ပါ​လေ။ ဤ​တော၌ မ​သေ​ပါ​လေ။


ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပြည်​သူ​ပြည်​သား​တို့​ကို မ​ကြောက်​ကြ​နှင့်။ သူ​တို့​သည် ငါ​တို့​စား​စ​ရာ​ဖို့​ဖြစ်​ကြ၏။ သူ​တို့၌ အ​မှီ​တံ​ကဲ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်​ဟု ပြော​ဆို​ကြ​လေ​သော်။


ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။


ငါ​သည် ကိုယ်​မျက်​နှာ​ကို သူ​တို့​မှ​လွှဲ​မည်။ သူ​တို့​သည် အ​ဘယ်​သို့​ဆုံး​မည်​ကို ငါ​ကြည့်​မည်။ သ​ဘော​ခိုင်​မာ​သော​အ​မျိုး၊ သ​စ္စာ​မ​ရှိ​သော သား​သ​မီး​ဖြစ်​ကြ၏။


ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ