တရားဟောရာ 9:18 - Judson Bible in Zawgyi Version18 သင်တို့သည် ထာဝရဘုရားကိုအမျက်တော်ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော အပြစ်ရှိသမျှတို့ကြောင့်၊ ငါသည်အရင်ပြုသကဲ့သို့ ထာဝဘုရားရှေ့တော်၌ပျပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။- အခန်းကိုကြည့်ပါ။ |
အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကိုလွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဖို့ သိမ်းယူတော်မူပါဟုလျှောက်လျှင်၊