Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 8:9 - Judson Bible in Zawgyi Version

9 ဘာ​မျှ​မ​လို​ဘဲ ဝ​စွာ​စား​ရ​သော​ပြည်၊ သံ​ကျောက်​နှင့်​ပြည့်​စုံ၍၊ တောင်​ထဲ​က​ကြေး​နီ​ကို တူး​ရ​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 အစားအစာ​ခေါင်းပါး​ခြင်း​မ​ရှိ​ဘဲ ဝလင်​စွာ​စား​ရ​၍ မည်သည့်​အရာ​မျှ​ချို့တဲ့​ခြင်း​မ​ရှိ​သော​ပြည်​၊ သံရိုင်း​ထွက်​သော​ပြည်​၊ တောင်​များ​ထဲမှ ကြေးနီ​ကို​တူးဖော်​ရရှိ​သည့်​ပြည်​သို့ သင့်​ကို​ပို့ဆောင်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​ပြည်​တွင်​အ​စား​အ​စာ​ပြတ်​လပ်​ခြင်း​မ​ရှိ​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ​လို​လိမ့်​မည်​မ​ဟုတ်။ ကျောက် တောင်​မှ​သံ​ကို​လည်း​ကောင်း၊ တောင်​ကုန်း​များ​မှ ကြေး​နီ​ကို​လည်း​ကောင်း​တူး​ဖော်​ရ​ရှိ​နိုင်​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 8:9
8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။


တံ​ခါး​လုပ်​စ​ရာ သံ​ချွန်​အ​ဖို့​နှင့် သစ်​သား​ဆက်​စ​ရာ​အ​ဖို့ များ​စွာ​သော သံ​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​ကို​လည်း​ကောင်း၊


သံ​ကို​မြေ​ကြီး​ထဲ​က တူး​ယူ​တတ်၏။ ကျောက်​ကို​ချက်၍ ကြေး​နီ​ကို ရ​တတ်၏။


သင်၏​တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည် သံ​နှင့်​ကြေး​ဝါ​ဖြင့် ပြီး​ကြ​လိမ့်​မည်။ သင်၏​နေ့​ရက်​ကာ​လ​ဖြစ်​သည်​အ​တိုင်း သင့်​အ​စွမ်း​သ​တ္တိ ဖြစ်​လိမ့်​မည်။


ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် ဝ​စွာ​စား​ရ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​မည်။


ဂျုံ၊ မု​ယော၊ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်​နှင့် ပြည့်​စုံ​သော​ပြည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊


ယော​ရှု​က​လည်း၊ သင်​တို့​သည် အ​လွန်​ဥ​စ္စာ​ရ​တတ်၍ များ​စွာ​သော တိ​ရ​စ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​ဝတ်​တန်​ဆာ​များ​တို့​ကို​ယူ​ဆောင်​လျက် သင်​တို့​နေ​ရာ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ ရန်​သူ​တို့၌ လု​ယူ၍​ရ​သော​ဥ​စ္စာ​ကို သင်​တို့​ညီ​အစ်​ကို​များ၌ ဝေ​ဖန်​ကြ​လော့​ဟု​မှာ​ထား​လျက်၊ ကောင်း​ချီး​ပေး၍ သူ​တို့​နေ​ရာ​အိမ်​သို့ လွှတ်​လိုက်​လေ၏။


သွား​လျှင် သ​တိ​မ​ရှိ​သော​လူ​မျိုး​နှင့် ကျယ်​ဝန်း​သော​ပြည်​ကို တွေ့​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။ ထို​ပြည်၌ မြေ​ကြီး​ဥ​စ္စာ စုံ​လင်​လျက်​ရှိ​သည်​ဟု ပြော​ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ