Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 7:19 - Judson Bible in Zawgyi Version

19 ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သင်ကိုယ်တိုင်​တွေ့မြင်​ခဲ့​ရ​သည့် ပြင်းထန်​သော​စုံစမ်းမှု​များ​ကို​လည်းကောင်း​၊ နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို​လည်းကောင်း​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို ဆန့်​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း အထူး​အောက်မေ့​ရ​မည်​။ သင်​ကြောက်ရွံ့​ရ​သည့်​လူမျိုး​အပေါင်း​တို့​ကို​လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုနည်းတူ​ပြု​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​သော​ကြောက်​မက်​ဖွယ် ကပ်​ကြီး​များ၊ အံ့​သြ​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ များ၊ သင်​တို့​အား​လွတ်​မြောက်​စေ​ခဲ့​သော သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​မ​ဟာ​တန် ခိုး​တော်​နှင့်​လက်​ရုံး​တော်​တို့​ကို​သ​တိ​ရ​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​ခဲ့​သည့်​နည်း​တူ ယ​ခု​သင်​တို့​ကြောက်​ရွံ့​သော​လူ​မျိုး​အ​ပေါင်း တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 7:19
14 ပူးပေါင်းရင်းမြစ်များ  

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​သား​တို့ အ​ထဲ​က ထုတ်​ဆောင်​တော်​မူ​ထ​သော၊


အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို စီ​ရင်​တော်​မူ​ပါ။


ပြု​တော်​မူ​သ​မျှ​တို့​ကို​ဆင်​ခြင်၍ စီ​ရင်​တော်​မူ​သော အ​ရာ​တို့​ကို မြွက်​ဆို​ပါ​မည်။


ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။


ကိုယ်​မျက်​စိ​နှင့်​မြင်​သော အ​လွန်​ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​အ​မှု၊ အ​လွန်​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ၊ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို သင်​တို့​သည် မြင်​ရ​ကြ​ပြီ။


ထို​အ​ခါ​ယော​ရှု​ကို​လည်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​နှစ်​ပါး၌ ပြု​တော်​မူ​သော​အ​မှု​အ​လုံး​စုံ​ကို သင်​သည်​ကိုယ်​တိုင်​မြင်​ရ​ပြီ။ ထို​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ရောက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​တို့၌ ပြု​တော်​မူ​လိမ့်​မည်။


သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။


ယော​ရှု​က​လည်း သင်​တို့​တိုက်​ရ​သော ရန်​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ကဲ့​သို့​ပြု​တော်​မူ​မည်​ဖြစ်၍ မ​ကြောက်​ကြ​နှင့်၊ စိတ်​မ​ပျက်​ကြ​နှင့်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု ဆို​ပြီး​မှ၊


ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘ​တို့​နှင့် ငါ​တို့​ကို​နုတ်​ဆောင်၍၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ငါ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​ပြီ။ ငါ​တို့​သွား​လေ​ရာ​ရာ​အ​ရပ်၊ လျှောက်​လေ​ရာ​ရာ​လူ​မျိုး​တို့​တွင် စောင့်​တော်​မူ​ပြီ။


အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​တွင်​ရှိ၍၊ သင်​တို့​ရှေ့​မှ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဟိ​ဝိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို စင်​စစ်​နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း​ကို အ​ဘယ်​သို့​သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ