တရားဟောရာ 4:40 - Judson Bible in Zawgyi Version40 သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှာလည်းကောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာလည်းကောင်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်40 သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version40 ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
မောရှေကလည်း၊ ထာဝရဘုရားသည် ကတိတော်အတိုင်း ငါတို့အားပေးတော်မူမည်အရပ်သို့ ငါတို့သည် ယခုခရီးသွားကြ၏။ ငါတို့နှင့်အတူ လိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ကတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရားရှိသမျှတို့ကို ကြားရသောလူမျိုးများရှေ့မှာ၊ သင်တို့၏ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့် ပြည့်စုံသောအမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။