တရားဟောရာ 4:25 - Judson Bible in Zawgyi Version25 သင်တို့သည် သားမြေးတို့ကိုဖွားမြင်၍၊ ထိုပြည်၌ကြာမြင့်စွာနေပြီးမှ၊ တစ်ဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဌာန်တစ်စုံတစ်ခုရှိသော ရုပ်တုကိုလုပ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ဒုစရိုက်ကိုပြုလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်25 သင်တို့သည် ထိုပြည်၌ သားမြေးများရသည်အထိ အနေကြာလာသောအခါ ဖောက်ပြန်ပြီး တစ်စုံတစ်ရာ၏ပုံသဏ္ဌာန်ကို ရုပ်တုဆင်းတုအဖြစ်ပြုလုပ်၍ ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား အမျက်ထွက်စေလျှင် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 ``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွားကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ကိုယ်လက်နှင့် လုပ်ဆောင်သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိပေးလေ၏။
သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတစ်ပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြုလျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေးတော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။