တရားဟောရာ 32:8 - Judson Bible in Zawgyi Version8 အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊ လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်း သတ်မှတ်ပေးတော်မူသောအခါ၊ နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကိုလည်းကောင်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကိုအပ်ပေးတော်မူသည်ကိုလည်းကောင်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှာ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။