Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 32:12 - Judson Bible in Zawgyi Version

12 ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ ယာ​ကုပ်​ကို​ဆောင်​သွား​တော်​မူ၏။ အ​ခြား​တစ်​ပါး​သော​ဘု​ရား မည်​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 သူ့​ကို​ပို့ဆောင်​ပေး​သူ​မှာ တိုင်းတစ်ပါးသား​၏​ဘုရား​မ​ဟုတ်​၊ ထာဝရဘုရား​တစ်ပါးတည်း​သာလျှင် ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 အ​ခြား​ဘု​ရား​၏​အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ မိ​မိ​၏​လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ တော်​မူ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 32:12
19 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌ သူ​တို့​သွား​ရာ​လမ်း​ကို လင်း​စေ​သော မီး​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။


က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​လူ​စု​ကို​တော၌ ပို့​ဆောင်​တော်​မူ​ထ​သော၊


အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား​ပြ​သ​သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​ကြောင့် ဖြောင့်​သော​လမ်း​ထဲ၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။


နေ့​အ​ချိန်၌​ကား၊ မိုး​တိမ်​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌​ကား တစ်​ည​လုံး မီး​အ​လင်း​ဖြင့်​လည်း​ကောင်း သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။


သိုး​စု​ကို ပို့​ဆောင်​သ​ကဲ့​သို့ ယော​သပ်​အ​မျိုး​ကို ပို့​ဆောင်​တော်​မူ​သော ဣ​သ​ရေ​လ​သိုး​ထိန်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​ပါ။


သင်၌ တစ်​ပါး​အ​မျိုး၏​ဘု​ရား​မ​ရှိ​ရ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​ကို မ​ကိုး​ကွယ်​ရ။


သင်​တို့​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ ငါ​သည် ထို​သို့​သော​သူ​ဖြစ်၍၊ သင်​တို့​ကို​ဆောင်​ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း ထမ်း​ဦး​မည်။ ဆောင်​ရွက်၍ ကယ်​တင်​မည်။


ချိုင့်​ထဲ​သို့​သိုး​နွား ဆင်း​သွား​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​သို့ အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ကိုယ်​တော်၏​လူ​တို့​ကို ဆောင်​သွား​တော်​မူ​ပါ​ပြီ။


လူ​ကို ဆွဲ​တတ်​သော ကြိုး​တည်း​ဟူ​သော မေ​တ္တာ​ကြိုး​နှင့် ငါ​ဆွဲ​ငင်၏။ ပါး​ရိုး​အ​နား​သို့ ထမ်း​ပိုး​ကို​ရွှေ့၍ ဖြည်း​ညင်း​စွာ ကျွေး၏။


သင်​တို့​လိုက်​လာ​သော လမ်း​တစ်​လျှောက်​လုံး၊ ဤ​အ​ရပ်​တိုင်​အောင် အ​ဘ​သည် သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ချီ​ပိုက်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ခံ​ရာ တော၌​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​ပြု​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ဆို​သော်​လည်း၊


ငါ​သည် ကိုယ်​တိုင်​အား​ဖြင့် ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။ ငါ​သည် အ​သက်​ကို​သေ​စေ၏။ အ​သက်​ကို​လည်း ရှင်​စေ၏။ ငါ​သည် အ​နာ​ပေါ်​စေ​ခြင်း​ငှာ ဒဏ်​ခတ်၏။ အ​နာ​ကို​လည်း ပျောက်​စေ၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။


ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ထို​အ​ခြင်း​အ​ရာ​တို့​ကို သင်​တို့​အား​ပြ​တော်​မူ​ပြီ။


သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​ကောင်း​ကင်​ပေါ်၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်​မှာ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​မှတ်၍ နှ​လုံး၌​သွင်း​မိ​ကြ​လော့။


ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘ​တို့​နှင့် ငါ​တို့​ကို​နုတ်​ဆောင်၍၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ငါ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​ပြီ။ ငါ​တို့​သွား​လေ​ရာ​ရာ​အ​ရပ်၊ လျှောက်​လေ​ရာ​ရာ​လူ​မျိုး​တို့​တွင် စောင့်​တော်​မူ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ