Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 3:4 - Judson Bible in Zawgyi Version

4 ထို​အ​ခါ ငါ​တို့​သည် မြို့​ခြောက်​ဆယ်​နှင့်​ပြည့်​စုံ​သော အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​မင်း၏​နိုင်​ငံ​ကို၊ တစ်​မြို့​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ တိုက်​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သော အာဂေါဘ​နယ်မြေ​တစ်ခုလုံး​တွင် မြို့​ပေါင်း​ခြောက်ဆယ်​ရှိ​၍ ငါ​တို့​သည် သူ​၏​မြို့​ရှိသမျှ​ကို တစ်​မြို့​မ​ကျန် သိမ်းပိုက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 တစ်​ချိန်​တည်း​မှာ​ပင်​ငါ​တို့​သည် သူ​ပိုင်​ဆိုင် သော​မြို့​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​သည်။ ငါ​တို့ မ​သိမ်း​ယူ​သော​မြို့​ဟူ​၍​တစ်​မြို့​မှ​မ​ရှိ။ ငါ တို့​သည်​မြို့​ပေါင်း​ခြောက်​ဆယ်၊ တစ်​နည်း​အား ဖြင့်​ဗာ​ရှန်​ဘု​ရင်​ကြီး​စိုး​သော​အာ​ဂေါ​ဘ ဒေ​သ​တစ်​ခု​လုံး​ကို​သိမ်း​ယူ​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 3:4
10 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊


ထို​မင်း​နှင့်​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​လုပ်​ကြံ၍ သူ၏​ပြည်​ကို​သိမ်း​ယူ​ကြ၏။


ဂိ​လဒ်​တောင်​တစ်​ဝက်​နှင့် ဩ​ဃ​မင်း​အ​စိုး​ရ​သော နိုင်​ငံ​အ​ဝင်၊ အ​လွန်​ကြီး​မား​သော လူ​မျိုး​နေ​ရာ​ဟူ၍ ခေါ်​ဝေါ်​သော​အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​အား ငါ​ပေး၏။


မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်၊ အာ​ဂေါ​ဘ​တိုင်း​တစ်​တိုင်း​လုံး​ကို ဂေ​ရှု​ရ​ရွာ၊ မာ​ခါ​ရွာ​အ​ထိ​သိမ်း​ယူ​ပြီး​မှ၊ ယ​နေ့​တိုင်​အောင် မိ​မိ​အ​မည်​ကို​လိုက်၍ ဗာ​ရှန်​ဟာ​ဝုတ်​ယာ​ဣ​ရ​ပြည်​ဟု သ​မုတ်​လေ၏။


ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ တစ်​ယောက်​မျှ မ​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။


ထို​မြို့​ရှိ​သ​မျှ​တို့​သည် မြင့်​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ၊ ကန့်​လန့်​ကျင်​များ​နှင့် ခိုင်​ခံ့​သော​မြို့​ဖြစ်​သ​တည်း။ ထို​မှ​တစ်​ပါး များ​စွာ​သော​ရွာ​တို့​ကို​လည်း တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။


ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တည်း​ဟူ​သော၊ ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​နှစ်​ပါး​ကို လုပ်​ကြံ၍၊ သူ​တို့​ပြည်​ကို၊


ဟေ​ရ​မုန်​တောင်​နှင့် သာ​လ​က​ပြည်​ကို​လည်း​ကောင်း၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော ပြည်​စွန်း​တိုင်​အောင် ဗာ​ရှန်​ပြည် တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​စွန်း​တိုင်​အောင် ဂိ​လဒ်​ပြည်​တစ်​ဝက်​ကို​လည်း​ကောင်း အ​စိုး​ရ၍၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​နေ​သော အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တစ်​ပါး၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ