တရားဟောရာ 3:19 - Judson Bible in Zawgyi Version19-20 ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေးတော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမီတိုင်အောင်လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမီတိုင်အောင်လည်းကောင်း၊ သင်တို့မယား၊ သားသူငယ်များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြမည်။ သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှ ငါပေးနှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အားငါမှာထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 သင်တို့၌ တိရစ္ဆာန်များစွာရှိကြောင်း ငါသိ၏။ ထို့ကြောင့် သင်တို့၏မယားနှင့်ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် သင်တို့ကို ငါပေးသောမြို့များ၌ နေရစ်ရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 ငါသတ်မှတ်ပေးသောမြို့များတွင် သင်တို့ ၏သားမယားများနှင့်တိရစ္ဆာန်များသာလျှင် နေရစ်ခဲ့ရမည်။ သင်တို့တွင်တိရစ္ဆာန်များစွာ ရှိသည်ကိုငါသိ၏။- အခန်းကိုကြည့်ပါ။ |