Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 3:18 - Judson Bible in Zawgyi Version

18 ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထို​အချိန်​၌ ငါ​သည် သင်​တို့​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား အပိုင်​ပေး​တော်မူ​ပြီ​။ သို့သော် ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​ညီအစ်ကို​အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ``တစ်​ချိန်​တည်း​မှာ​ပင် ငါ​သည်​သူ​တို့​အား`ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​ရှိ​သော​ဤ​ပြည် ကို သင်​တို့​အား​သိမ်း​ယူ​စေ​တော်​မူ​ပြီ။ ယ​ခု သင်​တို့​၏​စစ်​သူ​ရဲ​တို့​ကို​လက်​နက်​စွဲ​ကိုင် စေ​လော့။ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​နယ်​မြေ​ရ​ရှိ​ရေး​အ​တွက် စစ်​ကူ တိုက်​ခိုက်​ရန်​သူ​တို့​အ​လျင်​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​စေ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 3:18
18 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်၊ ငါ​သည် ဤ​ပြည်​ကို​သင်​အ​မွေ​ခံ​စ​ရာ​ဖို့၊ သင်​အား​ပေး​လို​သော​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော​ဥ​ရ​မြို့​မှ သင့်​ကို​ထုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​လျှင်၊


က​ရု ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ သူ​တို့​နေ​ရာ​မြေ​ကို လွှဲ​တော်​မူ​ထ​သော၊


ထို​ပြည်​ကို သင်​တို့​အား ငါ​အ​ပိုင်​ပေး​သော​ကြောင့်၊ ထို​ပြည်​သား​တို့​ကို​နှင်​ထုတ်၍ သင်​တို့​ကိုယ်​တိုင် နေ​ရ​ကြ​မည်။


သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊


သင်၌​ဆင်း​ရဲ​သား​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မွေ​ခံ​ဖို့​ရာ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို​အ​လွန် ကောင်း​ချီး​ပေး​တော်​မူ​မည်။


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​မှာ အ​မွေ​ခံ​ရာ​မြေ၌ ရှေး​လူ​ဟောင်း​တို့​သည် စိုက်​ထား​နှင့်​သော အိမ်​နီး​ချင်း၏ မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ပိုင်​ပေး​တော်​မူ​သော ထို​ပြည်​အ​တွင်း၌ မြို့​သုံး​မြို့​တို့​ကို ခွဲ​ထား​ရ​မည်။


ထို​ကြောင့် မြို့​သုံး​မြို့​ကို ခွဲ​ထား​ရ​မည်​ဟု ငါ​မှာ​ထား၏။


သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​တွင်၊ လွတ်​လပ်​သော​အ​ရပ်၌ လူ​အ​သေ​ကောင်​ရှိ​သည်​ကို​တွေ့၍၊ အ​ဘယ်​သူ​သတ်​သည်​ကို မ​သိ​လျှင်၊


သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ပတ်​လည်၌​နေ​သော ရန်​သူ​အ​ပေါင်း​တို့၏​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အာ​မ​လက်​အ​မျိုး​ကို အောက်​မေ့​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​အောက်၌ သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ ထို​အ​မှု​ကို မ​မေ့​မ​လျော့​ရ။


သင်​မှာ​မူ​ကား၊ ဤ​အ​ရပ်၌ ငါ့​အ​နား​မှာ​ရပ်​နေ​လော့။ သူ​တို့​အား ငါ​အ​ပိုင်​ပေး​သော​ပြည်၌ သူ​တို့​ကျင့်​ဖို့​ရာ သင်​သည်​သူ​တို့​အား​သွန်​သင်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​တို့​ကို ငါ​မြွက်​ဆို​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။


သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊


သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ကု​သိုလ်​ကြောင့်၊ ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်၏။


တပ်​တစ်​လျှောက်​လုံး​သို့ သွား​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ သုံး​ရက်​အ​တွင်း​တွင် ဤ​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ရ​သော​ကြောင့် ရိ​က္ခာ​ကို ပြင်​ဆင်​ရ​ကြ​မည်​အ​ကြောင်း၊ လူ​များ​တို့​အား ဆင့်​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ