Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 3:12 - Judson Bible in Zawgyi Version

12 ထို​အ​ခါ ငါ​တို့​သိမ်း​ယူ​သော​မြေ​ကို၊ အာ​နုန်​မြစ်​နား​တွင်​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​တောင်​တစ်​ဝက်​တိုင်​အောင်၊ မြို့​များ​နှင့်​တ​ကွ ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား ငါ​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထို​အချိန်​၌ ငါ​တို့​သိမ်းပိုက်​ခဲ့​သော​မြေ​ကို ရုဗင်​အမျိုး​နှင့်​ဂဒ်​အမျိုး​တို့​အား အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​မှ ဂိလဒ်​တောင်ပေါ်ဒေသ​တစ်ဝက်​အထိ မြို့​များ​နှင့်တကွ ငါ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ``ငါ​တို့​သည်​ဤ​ပြည်​ကို​သိမ်း​ပိုက်​စဉ်​အ​ခါ က အာ​နုန်​မြစ်​အ​နီး​ရှိ၊ အာ​ရော်​မြို့​မှ​စ​၍ ဂိ​လဒ်​တောင်​ကုန်း​ဒေ​သ​တစ်​ဝက်​နှင့် ယင်း​ဒေ​သ ရှိ​မြို့​များ​ကို​ရုဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့ အား​ငါ​ခွဲ​ဝေ​ပေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 3:12
10 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဇေ​လ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး နေ​ရာ၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​ပြည်၊ ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး အ​ရပ်​ရပ်​တို့​ကို လုပ်​ကြံ​လေ၏။


မော​ရှေ​သည် ဂိ​လဒ်​မြို့​ကို မ​နာ​ရှေ၏​သား မာ​ခိ​ရ​အ​မျိုး​သား​တို့​အား​ပေး၍ သူ​တို့​သည်​နေ​ကြ၏။


အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​တိုင်​အောင်၊ မြစ်​နား၌ ရှိ​သ​မျှ​သော​မြို့​တို့​တွင် ငါ​တို့​မ​အောင်​နိုင်​သော​မြို့ တစ်​မြို့​မျှ​မ​ရှိ။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လုံး​စုံ​တို့​ကို ငါ​တို့၌​အပ်​တော်​မူ၏။


သင်​တို့​သည် ဤ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့​သည် ငါ​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ ထွက်​လာ​သ​ဖြင့်၊ ငါ​တို့​သည် သူ​တို့​ကို​လုပ်​ကြံ၍၊


သူ​တို့​ပြည်​ကို သိမ်း​ယူ​ပြီး​မှ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်၌ ပေး​လေ၏။


ဂိ​လဒ်​တောင်​တစ်​ဝက်​နှင့် ဩ​ဃ​မင်း​အ​စိုး​ရ​သော နိုင်​ငံ​အ​ဝင်၊ အ​လွန်​ကြီး​မား​သော လူ​မျိုး​နေ​ရာ​ဟူ၍ ခေါ်​ဝေါ်​သော​အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​အား ငါ​ပေး၏။


အာ​နုန်​မြစ်​နား​မှာ​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဟေ​ရ​မုန်​တောင်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ