Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 3:10 - Judson Bible in Zawgyi Version

10 ချိုင့်၌​ရှိ​သ​မျှ​သော​မြို့​တို့​နှင့် ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊ ဩ​ဃ​မင်း၏​နိုင်​ငံ​အ​ဝင်၊ သာ​လ​က​မြို့၊ ဧ​ဒြိ​မြို့​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ရှိ မြို့​များ​ဖြစ်​သည့် သာလက​နှင့်​ဧဒြိ​တိုင်အောင် လွင်ပြင်​ရှိ​မြို့​အားလုံး​၊ ဂိလဒ်​ပြည်​တစ်ပြည်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ငါ​တို့​သည်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော မြေ​ပြန့်​ရှိ​မြို့​များ​ကို​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​သာ​လ​က​မြို့​နှင့် ဧဒြိ​မြို့​များ​အ​ထိ​ကျယ် ပြန့်​သော​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​အား​လုံး ကို​လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 3:10
10 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊


သူ​တို့​တစ်​ဖက်​တစ်​ချက်၊ ဗာ​ရှန်​ပြည်​တွင် သ​လ​ကာ​မြို့​တိုင်​အောင် ဂဒ်​အ​မျိုး​သား​တို့​သည် နေ​ရာ​ကျ​ကြ၏။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်၍၊ ဗာ​ရှန်​ပြည်​သို့ ခ​ရီး​သွား​ကြ၏။ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​သည်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့် ဧ​ဒြိ​အ​ရပ်​မှာ​စစ်​တိုက်​ခြင်း​ငှာ ချီ​သွား၏။


ထို​မြို့​တို့၏​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး​သား​နေ​ရာ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​အ​မျိုး​သား​နေ​ရာ ဂိ​လဒ်​ပြည်၌​ရာ​မုတ်​မြို့၊ မ​နာ​ရှေ​အ​မျိုး​သား​နေ​ရာ ဗာ​ရှန်​ပြည်၌​ဂေါ​လန်​မြို့​တည်း။


ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် လွင်​ပြင်​နှင့်​တ​ကွ လွင်​ပြင်​နှင့်​ဆိုင်​သော​အိုင်​နား၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။


အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊


မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။


ဂိ​လဒ်​ပြည်​တစ်​ဝက်၊ ဗာ​ရှန်​ပြည်၌ ဩ​ဃ၏​နိုင်​ငံ​အ​ဝင်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် ဧ​ဒြိ​မြို့​တို့​ကို မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား​မြေး​တစ်​ဝက် အ​ဆွေ​အ​မျိုး​အ​လိုက် ပိုင်​ရ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ