Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 19:8 - Judson Bible in Zawgyi Version

8-10 ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် အ​စဉ်​အ​မြဲ လမ်း​တော်​သို့​လိုက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ က​တိ​ထား​သော ပြည်​ရှိ​သ​မျှ​ကို သင့်​အား​ပေး​တော်​မူ၍၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​နေ​ရာ​ပြည်​ကို ကျယ်​ဝန်း​စေ​တော်​မူ​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​သေ​မ​ခံ​ထိုက်​သော​သူ​သည် အ​သေ​ခံ၍ လူ့​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သင့်​အ​ပေါ်​မှာ မ​ရောက်​မည်​အ​ကြောင်း၊ ယ​ခု​ဆို​ခဲ့​ပြီး​သော မြို့​သုံး​မြို့​မှ​တစ်​ပါး၊ အ​ခြား​သော မြို့​သုံး​မြို့​ကို ထပ်၍​ခွဲ​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သင်​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ပြန့်​စေ​၍ သင့်​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကတိထား​တော်မူ​ခဲ့​သည့် ပြည်​တစ်ပြည်လုံး​ကို သင့်​အား ပေး​တော်မူ​လျှင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ သည့်​အ​တိုင်း သင်​တို့​၏​နယ်​ကျယ်​ပြန့်​လာ​ပြီး လျှင် ကတိ​ထား​တော်​မူ​သော​မြေ​အား​လုံး ကို​အ​ပိုင်​ရ​ရှိ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 19:8
9 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။


ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။


ငွေ​တော်​ကို​ခွဲ​လျက်၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို ခံ​လျက်၊ မြစ်​အ​နောက်​ဘက် တစ်​လျှောက်​လုံး​ကို​အ​စိုး​ရ၍ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ဖူး​ကြောင်း​များ​ကို သိ​ရ၏။


သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။


တစ်​ပါး​အ​မျိုး​သား​များ​ကို သင်​တို့​ရှေ့​က​ငါ​နှင်​ထုတ်၍၊ သင်​တို့​နေ​ရာ​နယ်​ကို ငါ​ကျယ်​စေ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​နှစ်​တွင်​သုံး​ကြိမ် မျက်​နှာ​ပြ​သွား​သော​အ​ခါ၊ သင်၏​မြေ​ကို အ​ဘယ်​သူ​မျှ​မ​တပ်​မက်​ရ။


သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​နေ​ရာ​ပြည်​ကို ကျယ်​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် အ​မဲ​သား​ကို​စား​ချင်​သော​စိတ်​ရှိ၍၊ အ​မဲ​သား​ကို ငါ​စား​မည်​ဟု​ဆို​လျှင်၊ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။


ထို​ကြောင့် မြို့​သုံး​မြို့​ကို ခွဲ​ထား​ရ​မည်​ဟု ငါ​မှာ​ထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ