တရားဟောရာ 19:4 - Judson Bible in Zawgyi Version4-5 လူအသက်ကိုသတ်မိ၍၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊ လူသည် ထင်းခုတ်ခြင်းငှာ အဖော်နှင့်တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဖော်ကို ထိသောကြောင့်၊ မိမိအဖော်သေအောင် ပြုမိသောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဖော်ကို အမှတ်တမဲ့သတ်မိသောသူသည်၊ ထိုမြို့တစ်စုံတစ်မြို့သို့ပြေး၍ အသက်ချမ်းသာရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုအရပ်သို့ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 လူတစ်ယောက်သည်မိမိ၏ရန်သူမဟုတ်သူ အား မတော်တဆသတ်မိခဲ့သည်ရှိသော်သူ သည် ထိုမြို့များအနက်တစ်မြို့မြို့သို့ထွက် ပြေးလျှင်အသက်ချမ်းသာခွင့်ရရှိနိုင်သည်။- အခန်းကိုကြည့်ပါ။ |
မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကိုသတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည် အထူးသဖြင့် မဖျက်ဆီးစေခြင်းငှာ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား၏ဆံပင်တစ်ပင်မျှ မြေပေါ်သို့မကျရဟု မိန့်တော်မူ၏။
အကြောင်းမူကား၊ တောဘက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဖို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှာ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဖို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့၊ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။