Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 19:1 - Judson Bible in Zawgyi Version

1 သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်၌​နေ​သော လူ​မျိုး​တို့​ကို သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပယ်​ဖြတ်​တော်​မူ​သ​ဖြင့်၊ သင်​သည် သူ​တို့​အ​ရာ၌ ဝင်​စား၍၊ သူ​တို့​မြို့၊ သူ​တို့​အိမ်၌​နေ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​သော​ပြည်​ရှိ လူမျိုး​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​မြို့​များ​၊ သူ​တို့​၏​အိမ်​များ​၌ နေထိုင်​ကြ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​တော်​မူ​မည့်​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို သုတ်​သင်​ပယ် ရှင်း​ပြီး​နောက်​သင်​တို့​သည်​သူ​တို့​၏​မြို့​များ နှင့်​အိမ်​များ​ကို​သိမ်း​ယူ​နေ​ထိုင်​ကြ​သော အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 19:1
11 ပူးပေါင်းရင်းမြစ်များ  

အ​သေ​သတ်​မည်​အ​ကြံ​မ​ရှိ​ဘဲ၊ သူ၏​လက်၌ လူ​အ​သက်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မူ​လျှင်၊ ပြေး​ရ​သော​အ​ရပ်​ကို ငါ​ခန့်​ထား​မည်။


လူ​အ​သက်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ရ​မည်။


တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊


သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊


သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ရှိ​သော​လူ​မျိုး​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ပြည်၌ သင်​သည် ဝင်၍​နေ​သော​အ​ခါ၊


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် ဝင်​စား၍​နေ​သော​အ​ခါ၊ သင်​က၊ ငါ့​ပတ်​လည်၌​နေ​သော တစ်​ပါး​သော​လူ​မျိုး​အ​ပေါင်း​တို့​နည်း​တူ၊ ငါ​သည် ရှင်​ဘု​ရင်​အ​ရာ၌ တစ်​စုံ​တစ်​ယောက်​ကို ချီး​မြှောက်​မည်​ဟု ဆို​လျှင်၊


သင်​မ​တည်​သော မြို့​ကြီး​မြို့​မြတ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​ဖြည့်​ဘဲ ကောင်း​သော​အ​ရာ​နှင့် ပြည့်​သော​အိမ်​တို့​ကို​လည်း​ကောင်း၊


သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို ခေါ်​တော်​မူ၍၊


သင်​တို့​မ​လုပ်​သော​မြေ၊ မ​တည်​သော​မြို့​တို့​ကို ငါ​ပေး၍ သင်​တို့​သည် နေ​ရ​ကြ၏။ ကိုယ်​တိုင်​မ​စိုက်​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို စား​ရ​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ