တရားဟောရာ 18:5 - Judson Bible in Zawgyi Version5 အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ်ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကိုရွေးကောက်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 အကြောင်းမူကား ယဇ်ပုရောဟိတ်နှင့် သူ၏သားမြေးတို့သည် နေ့စဉ်နေ့တိုင်း ထာဝရဘုရား၏နာမတော်၌ အမှုတော်ဆောင်ရွက်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင်၏မျိုးနွယ်အပေါင်းတို့ထဲမှ ရွေးချယ်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။'' အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ချောင်းမြစ်များရာ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။