Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 17:14 - Judson Bible in Zawgyi Version

14 သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် ဝင်​စား၍​နေ​သော​အ​ခါ၊ သင်​က၊ ငါ့​ပတ်​လည်၌​နေ​သော တစ်​ပါး​သော​လူ​မျိုး​အ​ပေါင်း​တို့​နည်း​တူ၊ ငါ​သည် ရှင်​ဘု​ရင်​အ​ရာ၌ တစ်​စုံ​တစ်​ယောက်​ကို ချီး​မြှောက်​မည်​ဟု ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို သင်​ဝင်ရောက်​သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​သောအခါ ‘​ငါ့​ပတ်ပတ်လည်​ရှိ​လူမျိုး​အပေါင်း​တို့​ကဲ့သို့ ငါ့​ကို​အုပ်စိုး​မည့်​ဘုရင် တင်မြှောက်​မည်​’​ဟု သင်​ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 17:14
17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊


ထို​ပြည်​ကို သင်​တို့​အား ငါ​အ​ပိုင်​ပေး​သော​ကြောင့်၊ ထို​ပြည်​သား​တို့​ကို​နှင်​ထုတ်၍ သင်​တို့​ကိုယ်​တိုင် နေ​ရ​ကြ​မည်။


သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​သွား၍၊ ထို​ပြည်​ကို ဝင်​စား​လျက်​နေ​ရ​ကြ​မည်။


သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည်​ဝင်​စား၍ နေ​သော​အ​ခါ၊


နို့​နှင့်​ပျား​ရည်​စီး​သော ဤ​ပြည်​သို့ ပို့​ဆောင်၍ ပေး​သ​နား​တော်​မူ၏။


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွင်း​လျက်၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​နာ​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တည်း​ဟူ​သော၊ သင့်​ထက်​ကြီး​မြင့်​များ​ပြား​သော လူ​မျိုး​ခု​နစ်​မျိုး​တို့​ကို သင့်​ထံ​က​နှင်​ထုတ်၍၊


ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည်၊ သင်​တို့​အား​မှာ​ထား​သော​စ​ကား​ဟူ​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ဤ​ပြည်၌​နေ​ရာ​ချ​တော်​မူ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပြည်​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သိမ်း​ယူ၍ နေ​ရာ​ကျ​ကြ၏။


သင်​တို့​ကို ဒု​က္ခ​ဆင်း​ရဲ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​အ​ထဲ​က ကယ်​တင်​သော သင်​တို့၏​ဘု​ရား​သ​ခင်​ကို ယ​နေ့ သင်​တို့​သည်​ပယ်​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ရှိ​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြီ။ သို့​ဖြစ်၍ အ​မျိုး​အ​သီး​အ​သီး၊ အ​ဆွေ​အ​သီး​အ​သီး​အ​လိုက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ချည်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆို​သ​ဖြင့်၊


ရှ​မွေ​လ​သည်​လည်း မင်း​ကျင့်​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော၍ စာ၌​ရေး​မှတ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့ လွှတ်​လိုက်​လေ၏။


လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။


ယေ​ရှဲ​ကို​လည်း ယဇ်​ပွဲ​သို့ ခေါ်​ဖိတ်​လော့။ ထို​အ​ခါ သင်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​ပြ​မည်။ ငါ​သည် နာ​မ​ဖြင့် ထုတ်​ပြ​သော​သူ​ကို ငါ့​အ​ဖို့ ဘိ​သိက်​ပေး​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


သင်​တို့​ကို အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ဟူ​မူ​ကား၊ သင်​တို့​သား​များ​ကို​ယူ၍ မိ​မိ​ရ​ထား​ထိန်း၊ မြင်း​ထိန်း​အ​ရာ၌ ခန့်​ထား၍၊ အ​ချို့​တို့​သည်​လည်း သူ၏​ရ​ထား​ရှေ့​မှာ ပြေး​ရ​ကြ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ