တရားဟောရာ 12:2 - Judson Bible in Zawgyi Version2 သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသောသစ်ပင်အောက်၌ မိမိတို့ဘုရားများကို ဝတ်ပြုရာအရပ်ရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 သင်တို့နှင်ထုတ်မည့်လူမျိုးတို့သည် မြင့်မားသောတောင်များပေါ်၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌လည်းကောင်း မိမိတို့၏ဘုရားများကို ဝတ်ပြုတတ်ကြ၏။ ထိုအရပ်ရှိသမျှတို့ကို သင်တို့ လုံးလုံးဖျက်ဆီးပစ်ရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 သင်တို့သိမ်းယူမည့်ပြည်တွင်တောင်ထိပ်ပေါ်၊ တောင်ကုန်းပေါ်၊ သစ်စိမ်းပင်အောက်ရှိထိုပြည် သားတို့ကိုးကွယ်ရာဌာနရှိသမျှကိုဖျက် ဆီးပစ်ရမည်။- အခန်းကိုကြည့်ပါ။ |
သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍၊ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရား ဖြစ်သည်မဟုတ်လော။