Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 11:11 - Judson Bible in Zawgyi Version

11 သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည် တောင်​များ၊ ချိုင့်​များ​နှင့်​ပြည့်​စုံ၍ မိုး​ရေ​ကို​သောက်​သော​ပြည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 သို့သော် သင်​တို့​ကူးသွား​၍ သိမ်းပိုက်​ရ​မည့်​ပြည်​သည် တောင်​များ​၊ ချိုင့်ဝှမ်း​များ​နှင့်​ပြည့်စုံ​၍ ကောင်းကင်​မှ​မိုးရေ​ကို သောက်​ရ​သော​ပြည်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 သို့​ရာ​တွင်​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​သည် ကား​တောင်​များ၊ ချိုင့်​ဝှမ်း​များ​ရှိ​၍​မိုး​ရေ ဖြင့်​စိုက်​ပျိုး​နိုင်​သော​ပြည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 11:11
10 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။


အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မိုး​ကို​များ​စွာ​ရွာ​စေ၍၊ ပင်​ပန်း​သော အ​မွေ​တော်​လူ​တို့​ကို ထောက်​မ​တော်​မူ၏။


စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။


ဝ​ပြော​သော​ပြည်၏​အ​သီး​အ​နှံ ဆီ​ဥ​ဆီ​ကြည်​ကို​စား​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ​ဆောင်​သွင်း၍၊ သင်​တို့​သည် ဝင်​စား​သော​အ​ခါ၊ ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ၏​အ​မွေ​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​ကြ​သည်​တ​ကား။


အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ၊ သုတ်​သင်​သော​လွင်​ပြင်​မှ​စ၍၊ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား အ​ကျန်​အ​ကြွင်း​တို့​သည် လု​ယူ​ကဲ့​ရဲ့၍၊ မြို့​သား​စွန့်​သွား​သော​မြို့​တို့​အား မိန့်​တော်​မူ​သည်​ကား၊


သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည်​ကား၊ ယာ​လုပ်​သ​ကဲ့​သို့ မျိုး​စေ့​ကြဲ၍ ခြေ​ဖြင့်​ရေ​လောင်း​ရ​သော ပြည်​တည်း​ဟူ​သော သင်​တို့​ထွက်​လာ​သော အဲ​ဂု​တ္တု​ပြည်​နှင့် တူ​သည်​မ​ဟုတ်။


ဥ​ပ​မာ​ကား၊ အ​ကြင်​မြေ​သည် မိ​မိ​အ​ပေါ်​သို့ အ​ဖန်​ဖန်​ကျ​သော မိုး​ရေ​ကို​သောက်၍၊ လုပ်​သော​သူ​သုံး​ဖို့ ဟင်း​သီး​ဟင်း​ရွက်​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ဘု​ရား​သ​ခင်၏ ကောင်း​ကြီး​မင်္ဂ​လာ​ကို ခံ​တတ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ