Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 1:44 - Judson Bible in Zawgyi Version

44 ထို​အ​ခါ​တောင်​ပေါ်​မှာ​ရှိ​နှင့်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် သင်​တို့​တစ်​ဖက်၌ ထွက်​လာ​လျက်၊ ပျား​များ​အုံ၍​လိုက်​သ​ကဲ့​သို့ သင်​တို့​ကို​လိုက်၍၊ စိ​ရ​အ​ရပ်၊ ဟော​မာ​မြို့​တိုင်​အောင် ဖျက်​ဆီး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

44 ထို​တောင်ပေါ်ဒေသ​၌​နေထိုင်​ကြ​သော​အာမောရိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ရန် ထွက်လာ​ကြ​ပြီး ပျား​များ​လိုက်​သကဲ့သို့ သင်​တို့​ကို​လိုက်​၍ စိရ​အရပ်​မှ ဟောမာ​အရပ်​တိုင်အောင် သင်​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

44 ထို​အ​ခါ​တောင်​များ​ပေါ်​တွင်​နေ​ထိုင်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ပျား​အုပ်​ပ​မာ သင်​တို့​အား​ထွက်​၍​တိုက်​ကြ​၏။ သူ​တို့​သည် သင်​တို့​ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​ရာ ဧ​ဒုံ​ပြည် ဟော​မာ​မြို့​တွင်​သင်​တို့​အား​စစ်​ရေး​နိမ့်​စေ ခဲ့​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 1:44
7 ပူးပေါင်းရင်းမြစ်များ  

ပျား​များ​ကဲ့​သို့ ငါ့​ကို​ဝိုင်း၍ အုံ​ကြ​သော်​လည်း၊ ဆူး​ပင်​ကို​လောင်​သော မီး​ကဲ့​သို့ ငြိမ်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။


ထို​ကာ​လ၌ အဲ​ဂု​တ္တု​မြစ်​လက်​ကြား​တို့ အ​နား​မှာ​ရှိ​သော ယင်​ကောင်​ကို​လည်း​ကောင်း၊ အာ​ရှု​ရိ​ပြည်၌​ရှိ​သော ပျား​ကောင်​ကို​လည်း​ကောင်း၊ နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊


ထို​အ​ခါ​တောင်​ပေါ်​မှာ​ရှိ​နှင့်​သော အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ဆင်း​လာ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်၍​အောင်​သ​ဖြင့် ဟော​မာ​မြို့​တိုင်​အောင် လိုက်​ကြ​လေ၏။


ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ စ​ကား​ကို​နား​ထောင်၍၊ ထို​ခါ​နာန်​အ​မျိုး​သား​တို့​ကို အပ်​တော်​မူ၏။ သူ​တို့​နှင့် သူ​တို့​မြို့​များ​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ထို​အ​ရပ်​ကို ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။


သင်၏​ရန်​သူ​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဒဏ်​ပေး​တော်​မူ​မည်။ သင်​သည် တစ်​လမ်း​တည်း​ဖြင့် သူ​တို့​ရှိ​ရာ​သို့​သွား​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သူ​တို့​ရှေ့​မှ​ပြေး၍ မြေ​ပေါ်​မှာ​ရှိ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ပြောင်း​သွား​ရ​လိမ့်​မည်။


သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။


အာ​ဣ​မြို့​သား​တို့​သည် လူ​သုံး​ဆယ်​ခြောက်​ယောက်​တို့​ကို သတ်​ကြ၏။ မြို့​တံ​ခါး​မှ​သည် ရှေ​ဗ​ရိမ်​အ​ရပ်​တိုင်​အောင်​လိုက်၍၊ ထို​အ​ရပ်၌ ဆင်း​ရာ​တွင် လုပ်​ကြံ​ကြ​သော​ကြောင့်၊ လူ​များ​တို့၏​စိတ်​နှ​လုံး​သည် အ​ရည်​ကျို၍ ရေ​ကဲ့​သို့​ဖြစ်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ