Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 1:26 - Judson Bible in Zawgyi Version

26 သင်​တို့​သည်​မ​သွား​ဘဲ၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ဆန်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 သို့သော် သင်​တို့​သည် မ​သွား​လို​သဖြင့် သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 ``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 1:26
9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် မာ​န​ထောင်​လွှား၍၊ ခိုင်​မာ​သော​လည်​ပင်း​နှင့် ပ​ညတ်​တော်​ကို နား​မ​ထောင်​ကြ။


သူ​တို့​သည်​လည်း ပုန်​ကန်​၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နာ​စေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့​ကို ရန်​ဘက်​ပြု၍ စစ်​တိုက်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပြည်​သူ​ပြည်​သား​တို့​ကို မ​ကြောက်​ကြ​နှင့်။ သူ​တို့​သည် ငါ​တို့​စား​စ​ရာ​ဖို့​ဖြစ်​ကြ၏။ သူ​တို့၌ အ​မှီ​တံ​ကဲ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်​ဟု ပြော​ဆို​ကြ​လေ​သော်။


လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-


ထို​ပြည်၌​ရ​သော သစ်​သီး​ကို​ထမ်း၍ ဆောင်​ခဲ့​လျက်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သည် ကောင်း​သော​ပြည်​ဖြစ်၏​ဟု ကြား​ပြော​ကြ​သော်​လည်း၊


ငါ​ဆင့်​ဆို​သော်​လည်း သင်​တို့​သည်​နား​မ​ထောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ငြင်း​ဆန်၍ ခိုင်​ခံ့​သော​စိတ်​နှင့် တောင်​ပေါ်​သို့​တက်​ကြ၏။


ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သွား၍​ငါ​ပေး​သော​ပြည်​ကို သိမ်း​ယူ​ကြ​လော့​ဟု သင်​တို့​ကို စေ​ခိုင်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ငြင်း​ဆန်​ကြ၏။ ကိုယ်​တော်​ကို​မ​ယုံ၊ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ