ဒံယေလ 9:6 - Judson Bible in Zawgyi Version6 အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏အခွင့် နှင့် ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နားမထောင်ဘဲ နေကြပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ကိုယ်တော်၏အစေအပါး ပရောဖက်တို့က နာမတော်ကိုအမှီပြု၍ အကျွန်ုပ်တို့၏ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ ပြည်သူပြည်သားတို့အား ဟောပြောခဲ့သည်ကို အကျွန်ုပ်တို့ နားမထောင်ခဲ့ပါ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 အကျွန်ုပ်တို့သည်မိမိတို့၏ဘုရင်များ၊ မင်း ညီမင်းသားများ၊ ဘိုးဘေးများမှစ၍ပြည် သူပြည်သားအပေါင်းတို့အားနာမတော် ကိုအမှီပြု၍ ကိုယ်တော်၏အစေခံပရော ဖက်တို့ဟောကြားသည်ကိုအကျွန်ုပ်တို့မ လိုက်နာခဲ့ကြပါ။- အခန်းကိုကြည့်ပါ။ |
ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တစ်ပါးအမျိုးသား ရှင်ဘုရင်လက်သို့ အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာပျက်ခြင်းကို ခံရပါ၏။
သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဖွယ်သောဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသောဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူအပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။
အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။-