ဒံယေလ 9:2 - Judson Bible in Zawgyi Version2 ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက်ယေရမိ ခံဖူးသည်ဖြစ်၍၊ ခါလဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိ နန်းစံပထမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာအားဖြင့် သိရသောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။- အခန်းကိုကြည့်ပါ။ |
ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်း နန်းစံဆယ်သုံးနှစ်တွင်လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၌လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိမင်း နန်းစံဆယ်တစ်နှစ်စေ့၍ ပဉ္စမလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည် တိုင်အောင်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသား ယဇ်ပုရောဟိတ်ယေရမိစကားမှာ၊
ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။