Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 8:9 - Judson Bible in Zawgyi Version

9 ထို​ချို​လေး​ချောင်း​တွင် တစ်​ချောင်း​ထဲ​က အ​ခြား​သော ချို​တက်​တစ်​ချောင်း​ပေါက်​ပြန်၍ တောင်​မျက်​နှာ​သို့​လည်း​ကောင်း၊ အ​ရှေ့​မျက်​နှာ​သို့​လည်း​ကောင်း၊ သာ​ယာ​သော​ပြည်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၍၊ အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို​ချို​လေး​ချောင်း​မှ​တစ်​ချောင်း​တွင် ချို​အတက်​တစ်​ခု​ပေါက်လာ​၍ တောင်ဘက်​၊ အရှေ့ဘက်​၊ သာယာဝပြော​သော​ပြည်​ဘက်​သို့​တိုင်အောင် ကြီးမား​လာ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​ဦး​ချို​လေး​ချောင်း​အ​နက်​တစ်​ချောင်း တွင်​ချို​အ​တက်​တစ်​ချောင်း​ပေါက်​၍​လာ​၏။ ထို​ချို​တက်​သည်​တောင်​ဘက်​အ​ရပ်၊ အ​ရှေ့ အ​ရပ်​နှင့်​ကတိ​ထား​တော်​မူ​သော​ပြည်​တော် သို့​တိုင်​အောင်​အာ​ဏာ​တန်​ခိုး​ရှိ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 8:9
12 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​တို့​ကို​အ​လွန်​များ​ပြား​စေ၍၊ ရန်​သူ​တို့​ထက် အား​ကြီး​စေ​တော်​မူ၏။


မြေ​ကြီး​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ ဇိ​အုန်​တောင်​ထိပ်​သည် အ​ဆင်း​လှ​ပေ၏။ မြောက်​မျက်​နှာ​ဘက်၌ မ​ဟာ​မင်း​ကြီး၏ မြို့​တော်​သည် တည်၏။


ငါ​သည်​သင့်​ကို သား​တို့​တွင် အ​ဘယ်​သို့​ထား​ရ​အံ့​နည်း။ သာ​ယာ​သော​ပြည်၊ တိုင်း​နိုင်​ငံ​အ​ပေါင်း​တို့၏​အ​ထွဋ်၊ ဘုန်း​ကြီး​သော အ​မွေ​ခံ​ရာ​ပြည်​ကို သင့်​အား အ​ဘယ်​သို့​ပေး​ရ​အံ့​နည်း​ဟု ငါ​မေး​သော​အ​ခါ၊ သင်​သည် ငါ့​ကို အ​ကျွန်ုပ်​အ​ဘ​ဟူ၍ ခေါ်​ရ​လိမ့်​မည်။ ငါ့​ထံ​မှ​လွှဲ၍ မ​သွား​ရ​ဟု ငါ​ပြန်​ပြော​၏။


တစ်​ဖန်၊ ပြည်​တ​ကာ​တို့၏ အ​ထွဋ်​ဖြစ်၍ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်၊ သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ မ​ပို့​ဆောင်​ခြင်း​ငှာ၊ တော၌ ငါ​ကျိန်​ဆို၏။


သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ပြီး​လျှင်၊ ပြည်​တ​ကာ​တို့၏ အ​ထွဋ်​ဖြစ်၍ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်၊ သူ​တို့​အ​ဖို့​ငှာ ကြည့်​ရှု​သော ပြည်​သို့​ဆောင်​သွား​ခြင်း​ငှာ ကျိန်​ဆို​သော​အ​ခါ၊


တိုက်​လာ​သော​သူ​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ သူ့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ဘဲ၊ သာ​ယာ​သော​ပြည်​ကို​နင်း​ပြီး​မှ စုံ​လင်​စေ​လိမ့်​မည်။


ထို​သူ​အ​ရာ၌​လည်း မင်း​စည်း​စိမ်​ကို ခံ​ထိုက်​သော​သူ မ​ဟုတ်၊ ယုတ်​မာ​သော​သူ ပေါ်​လာ​လိမ့်​မည်။ သူ​သည် အ​နိုင်​အ​ထက်​မ​ပြု၊ ချော့​မော့​ခြင်း​အား​ဖြင့် နိုင်​ငံ​ကို​ရ​လိမ့်​မည်။


ထို​ချို​တို့​ကို ငါ​ကြည့်​ရှု​စဉ်၊ ချို​များ​အ​လယ်၌ ချို​ငယ်​တစ်​ချောင်း​သည် ပေါက်​ပြန်၏။ ထို​ချို​ငယ်​ရှေ့​မှာ အ​ရင်​ချို​သုံး​ချောင်း​ကို အ​မြစ်​နှင့်​တ​ကွ နုတ်​လေ၏။ ထို​ချို​ငယ်​သည် လူ​မျက်​စိ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြီး​စွာ​သော စ​ကား​ကို ပြော​တတ်​သော နှုတ်​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။


သူ​တို့​မ​သိ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် လေ​ပွေ​တိုက်၍ ငါ​လွှင့်​ပြီ။ ထို​ကြောင့်၊ သူ​တို့ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ၍ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ။ သာ​ယာ​သော​ပြည်​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လေ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ