Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 8:5 - Judson Bible in Zawgyi Version

5 ထို​အ​မှု​ကို ငါ​ဆင်​ခြင်​လျက်​နေ​သော​အ​ခါ၊ မျက်​စိ​နှစ်​လုံး​ကြား၌ ထူး​ဆန်း​သော ချို​တစ်​ချောင်း​ရှိ​သော ဆိတ်​တစ်​ကောင်​သည် အ​နောက်​မျက်​နှာ​က​လာ၍၊ မြေ​ကို​မ​နင်း​ဘဲ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ကျော်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ငါ​ဆင်ခြင်​ကြည့်​နေ​စဉ် ဆိတ်ထီး​တစ်​ကောင်​သည် မြေ​နှင့်​မ​ထိ​ဘဲ မြေ​တစ်ပြင်လုံး​ကို ဖြတ်ကျော်​၍ အနောက်ဘက်​မှ​လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​ဆိတ်ထီး​၏​မျက်စိ​နှစ်​လုံး​ကြား​တွင် သိသာ​ထင်ရှား​သော​ချို​တစ်​ချောင်း ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ငါ​သည်​ဤ​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​စဉ်း​စား​တွေး​တော​လျက်​နေ​စဉ် အ​နောက် အ​ရပ်​မှ​ဆိတ်​တစ်​ကောင်​သည်​ပြေး​၍​ထွက် လာ​၏။ သူ​သည်​အ​ရှိန်​ပြင်း​လှ​သ​ဖြင့်​မြေ ကို​ပင်​မ​နင်း​မိ​ချေ။ သူ​၏​မျက်​လုံး​များ အ​ကြား​တွင်​ငေါ​၍​ထွက်​နေ​သော​ဦး​ချို တစ်​ချောင်း​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 8:5
7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တစ်​ပါး​လည်း ပေါ်​လာ​လိမ့်​မည်။ အာ​ဏာ​တော်​ကြီး​လျက် အ​စိုး​ရ၍ မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း ပြု​လိမ့်​မည်။


သူ၏ ဦး​ခေါင်း​သည် ရွှေ​စင်​ဖြစ်၏။ ရင်​ပတ်​နှင့် လက်​နှစ်​ဖက်​သည် ငွေ​ဖြစ်၏။


ကိုယ်​တော်​နောက်၌ ကိုယ်​တော်၏​နိုင်​ငံ​လောက်​မ​မြတ်​သော နိုင်​ငံ​တစ်​ခု​သည် တည်​ထောင်​လိမ့်​မည်။ ထို​နောက်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အုပ်​စိုး​သော ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော တ​တိ​ယ​နိုင်​ငံ တည်​ထောင်​လိမ့်​မည်။


တစ်​ဖန် ငါ​ကြည့်​ရှု​ပြန်၍၊ ကျား​သစ်​နှင့်​တူ​သော သား​ရဲ​တစ်​ကောင်​သည် ထင်​ရှား၏။ ကျော​ပေါ်​မှာ ငှက်​အ​တောင် လေး​ခု​ရှိ၏။ ခေါင်း​လေး​လုံး​နှင့် ပြည့်​စုံ၏။ အုပ်​စိုး​ရ​သော အ​ခွင့်​လည်း​ရှိ၏။


အ​မွေး​ကြမ်း​သော ဆိတ်​သည် ဟေ​လ​သ​ရှင်​ဘု​ရင် ဖြစ်၏။ မျက်​စိ​နှစ်​လုံး​ကြား၌​ရှိ​သော ချို​ကြီး​သည် ပ​ထ​မ​မင်း​ဖြစ်၏။


ချို​နှစ်​ချောင်း​နှင့် မြစ်​တစ်​ဘက်၌ ထင်​ရှား​သော သိုး​ရှိ​ရာ​သို့ ပြင်း​စွာ​သော အ​ဟုန်​နှင့်​ပြေး၍၊


သို့​ဖြစ်၍၊ ထို​ဆိတ်​သည် အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။ ခွန်​အား​ကြီး​သော​အ​ခါ ချို​ကြီး​ကျိုး​ပဲ့၏။ ထို​ချို​အ​ရာ၌ ထူး​ဆန်း​သော ချို​လေး​ချောင်း​ပေါက်၍၊ မိုး​ကောင်း​ကင်​လေး​မျက်​နှာ​သို့ မျက်​နှာ​ပြု​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ