Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 8:2 - Judson Bible in Zawgyi Version

2 ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​တွင်​ငါ​သည်​ဧ​လံ ပြည်​နယ်​မြို့​ရိုး​များ​ကာ​ရံ​ထား​သော ရှု​ရှန် မြို့​တွင်း​သို့​ရုတ်​တ​ရက်​ရောက်​ရှိ​နေ​သည် ကို​တွေ့​ရ​၏။ ငါ​သည်​ဥ​လဲ​မြစ်​အ​နီး​တွင် ရပ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 8:2
24 ပူးပေါင်းရင်းမြစ်များ  

ရှေ​မ​သား​ကား၊ ဧ​လံ၊ အာ​ရှ​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ​တည်း။


ထို​ရော​အ​ခါ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်၊ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ​တို့​သည်၊


ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊


ရှု​ရှန်​နန်း​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ နန်း​စံ​သုံး​နှစ်​တွင်၊


ရှင်​ဘု​ရင် အ​မိန့်​တော်​ကို​ထုတ်၍ ကျော်​သော​အ​ခါ၊ အ​ပျို​များ​တို့​ကို ရှု​ရှန်​နန်း​တော်​သို့ စု​ဝေး​စေ၍၊ မိန်း​မ​စိုး​ဟေ​ဂဲ၌ အပ်​ရာ​တွင်၊ ဧ​သ​တာ​ကို​လည်း နန်း​တော်​သို့ ခေါ်​ဆောင်၍ ဟေ​ဂဲ၌ အပ်​ကြ၏။


ရှု​ရှန်​နန်း​တော်၌ ထို​အ​မိန့်​တော်​စာ​ကို ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့​လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည် စ​ပျစ်​ရည်​သောက်​ပွဲ၌ ထိုင်၍၊ ရှု​ရှန်​မြို့​တော်​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​သ​တည်း။


ဧ​သ​တာ​က၊ ရန်​ဘက်​ပြု​သော ရန်​သူ​သည် ဤ​ဆိုး​ညစ်​သော​ဟာ​မန် ဖြစ်​ပါ၏​ဟု​လျှောက်​သော်၊ ဟာ​မန်​သည် ရှင်​ဘု​ရင်​နှင့်​မိ​ဖု​ရား​ရှေ့​မှာ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​လေ၏။


မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊


ထို​နေ့၌ ရှု​ရှန်​မြို့​တော်​တွင် သေ​သော​သူ​စာ​ရင်း​ကို ရှင်​ဘု​ရင်​ရှေ့​တော်​မှာ ပြ​ကြ၏။


ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ​တစ်​ဆယ်​လေး​ရက်​နေ့​တွင် စု​ဝေး၍၊ ရှု​ရှန်​မြို့​သား သုံး​ရာ​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း မ​ယူ​ဘဲ​နေ​ကြ၏။


ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။


ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။


ဇိ​မ​ရိ​မင်း​အ​ပေါင်း၊ ဧ​လံ​မင်း​အ​ပေါင်း၊ မေ​ဒိ​မင်း​အ​ပေါင်း၊


သ​က္က​ရာဇ်​သုံး​ဆယ်​ပြည့်၊ ယေ​ခေါ​နိ​မင်း​ကြီး​နန်း​ကျ ပ​ဉ္စ​မ​နှစ်၊ စ​တု​တ္ထ​လ​ငါး​ရက်​နေ့၌ ငါ​သည် သိမ်း​သွား​သော​သူ​တို့​တွင် ခေ​ဗာ​မြစ်​နား​မှာ​ရှိ​နေ​စဉ်၊


ထို​အ​ရပ်၌ ဧ​လံ​နှင့် သူ၏​သင်္ချိုင်း​ပတ်​လည်၌ သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ မြေ​အောက်​အ​ရပ်​သို့​ဆင်း​သွား​ရ​သ​ဖြင့်၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ​ကြ၏။


ပ​ထ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့၌ ငါ​သည် ဟိ​ဒ​ကေ​လ မြစ်​ကြီး​အ​နား​မှာ​ရှိ​စဉ်၊


ငါ​ဒံ​ယေ​လ​သည် ကိုယ်​ခ​န္ဓာ​တုန်​လှုပ်၍၊ ထို​ရူ​ပါ​ရုံ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​လျှင်၊


ငါ ဒံ​ယေ​လ​သည် ည​အ​ခါ အာ​ရုံ​ပြု၍၊ မိုး​ကောင်း​ကင် လေး​မျက်​နှာ၌ လေ​တို့​သည် မ​ဟာ​သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ အ​ချင်း​ချင်း​တိုက်​ကြ​လျှင်၊


ဗေ​လ​ရှာ​ဇာ​မင်း​ကြီး နန်း​စံ​သုံး​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ယ​ခင် ဗျာ​ဒိတ်​တော်​ကို မြင်​ပြီး​သည်​နောက်၊ တစ်​ဖန် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊


ငါ​မျှော်​ကြည့်​သော်၊ ရှည်​လျား​သော ချို​နှစ်​ချောင်း​ရှိ​သော သိုး​တစ်​ကောင်​သည် မြစ်​တစ်​ဖက်၌ ရပ်​နေ၏။ ထို​ချို​နှစ်​ချောင်း​သည် မ​ညီ၊ တစ်​ချောင်း​သာ၍ ရှည်၏။ သာ၍ ရှည်​သော​ချို​သည် နောက်​ပေါက်​သ​တည်း။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​တွင် ပ​ရော​ဖက်​ရှိ​လျှင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၌ ထူး​ဆန်း​သော​ရူ​ပါ​ရုံ​အား​ဖြင့် ကိုယ်​ကို​ပြ​မည်။ သို့​မ​ဟုတ် အိပ်​မက်​အား​ဖြင့် ဗျာ​ဒိတ်​ပေး​မည်။


ရှေး​လွန်​လေ​ပြီး​သော​အ​ခါ ပ​ရော​ဖက်​များ​အား​ဖြင့် ဘိုး​ဘေး​တို့​အား အ​ထပ်​ထပ်​အ​နည်း​နည်း ဗျာ​ဒိတ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ဤ​နောက်​ဆုံး​ကာ​လ​အ​ခါ မိ​မိ​သား​တော်​အား​ဖြင့် ငါ​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြီ။-


ထို​အ​တူ ဗျာ​ဒိတ်​ရူ​ပါ​ရုံ၌ ထင်​ရှား​သော မြင်း​တို့​ကို​လည်း​ကောင်း၊ ကန့်၊ မီး၊ ဝှါ​ကိ​န်သု​ကျောက်​နှင့်​ပြီး​သော ရင်​အုပ်​တန်​ဆာ​ရှိ​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ငါ​မြင်​ရ၏။ မြင်း​တို့၏ ခေါင်း​သည် ခြင်္သေ့​ခေါင်း​ကဲ့​သို့ ဖြစ်၏။ သူ​တို့၏ ခံ​တွင်း​ထဲ​က​လည်း ကန့်၊ မီး​လျှံ၊ မီး​ခိုး​ထွက်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ