Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 8:18 - Judson Bible in Zawgyi Version

18 ထို​သို့ ဆို​သော​အ​ခါ ငါ​သည် မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက်​နေ၏။ ထို​သူ​သည် ငါ့​ကို​လက်​နှင့်​တို့၍ ယ​ခင်​နေ​ရာ၌ မတ်​တတ်​နေ​စေ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထိုသို့​ပြော​နေ​စဉ် ငါ​သည် သတိလစ်​၍​မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​ရာ​မှ သူ​က ငါ့​ကို​တို့​၍ ပြန်ရပ်​စေ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သူ​ဤ​သို့​ပြော​နေ​စဉ်​ငါ​သည်​မေ့​မြော​၍ မြေ​ပေါ်​သို့​လဲ​ကျ​သွား​လေ​သည်။ သို့​ရာ တွင်​သူ​သည်​ငါ့​အား​ဆွဲ​ကိုင်​ထူ​မ​ပြီး လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 8:18
13 ပူးပေါင်းရင်းမြစ်များ  

နေ​ဝင်​သော​အ​ခါ၊ အာ​ဗြံ​သည် ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​ပျော်​လျက်၊ ထူ​သော​မှောင်​မိုက်​နှင့်​တွေ့၍၊ ထိတ်​လန့်​ခြင်း​သို့ ရောက်​လေ၏။


လူ​တို့​သည်​ကြီး​စွာ​သော အိပ်​ပျော်​ခြင်း​သို့​ရောက်၍၊ ထူး​ဆန်း​သော​ရူ​ပါ​ရုံ ထင်​ရှား​ရာ​ကာ​လ ည​အ​ချိန်၌ ငါ​အောက်​မေ့​စဉ်​တွင်၊


ထို​သို့​ဆို​သော​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​သ​ဖြင့်၊ ငါ​နှင့်​ပြော​သော​သူ၏ စ​ကား​ကို ငါ​ကြား​သည်​ကား၊


ထို​အ​ခါ လူ​သား၏​သ​ဏ္ဌာန်​ရှိ​သော သူ​တစ်​ဦး​သည် ငါ့​နှုတ်​ကို လက်​နှင့်​တို့​လျှင်၊ ငါ​သည် နှုတ်​ကို​ဖွင့်၍ ပြော​ရ​သော​အ​ခွင့်​ကို ရ​ပြီး​လျှင်၊ အ​ကျွန်ုပ်၏​သ​ခင်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့် အ​ကျွန်ုပ်​သည် ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို ခံ​ရ၍၊ ကိုယ်၌ ခွန်​အား​အ​လျှင်း​မ​ရှိ​ပါ။


နောက်​တစ်​ဖန် လူ​သ​ဏ္ဌာန်​ရှိ​သော​သူ​သည်​လာ၍ ငါ့​ကို လက်​နှင့်​တို့​လျက် အား​ပေး​ပြီး​လျှင်၊


ထို​သူ​သည် ငါ​ရပ်​နေ​ရာ​အ​ပါး​သို့​လာ​လျှင်၊ ငါ​သည် ကြောက်​ရွံ့၍ ပျပ်​ဝပ်​လျက်​နေ၏။ ထို​သူ​က၊ အ​ချင်း​လူ​သား၊ နား​လည်​လော့။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​မှု​ကုန်​ရ​သော​ကာ​လ​နှင့် ဆိုင်​သည်​ဟု ငါ့​အား ပြော​ဆို၏။


ထို​အ​ခါ ငါ​ဒံ​ယေ​လ​သည် မော၍ နာ​လျက်​နေ၏။ တစ်​ဖန် အ​နာ​မှ​ထ​မြောက်၍ ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်၏။ မြင်​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါအံ့​ဩ​သော်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။


ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည် ပြန်​လာ၍၊ အိပ်​ပျော်​သော​သူ​ကို နှိုး​သ​ကဲ့​သို့ ငါ့​ကို​နှိုး​လျက်၊


ထို​သို့ ဆု​တောင်း​ပြီး​မှ၊ ယေ​ရှု​သည်​ထ၍ တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​သော​အ​ခါ၊ သူ​တို့​သည် ဝမ်း​နည်း​သော​စိတ်​ရှိ​သည်​နှင့် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊-


ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။-


ဘု​ရား​သ​ခင်​သည် ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​ကို​ထောက်၍ မျှော်​လင့်​ခြင်း တ​ရား​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် ယ​ခု​တွင် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ပါ၏။-


ထို​သူ​ကို​ငါ​မြင်​သော​အ​ခါ၊ သေ​မ​တတ်​ဖြစ်၍ ခြေ​တော်​ရင်း၌ လဲ​လျက်​နေ၏။ ထို​သူ​သည် လက်​ယာ လက်​ထောက်​ကို ငါ့​အ​ပေါ်​သို့ တင်​လျက်၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ