ဒံယေလ 7:20 - Judson Bible in Zawgyi Version20 သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနုတ်၍၊ ကြီးစွာသောစကားကို ပြောတတ်သောနှုတ်နှင့် မျက်စိရှိသဖြင့်၊ မိမိအဖော်တို့ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတစ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကိုလည်းကောင်း သိခြင်းငှာ ငါအလိုရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်20 ထို့ပြင် ထိုသားရဲ၏ခေါင်းတွင်ပေါက်သောချိုဆယ်ခုအကြောင်းနှင့် နောက်ပေါက်ချိုငယ်တစ်ခုအကြောင်းကိုလည်း ငါသိလို၏။ ထိုချိုငယ်ရှေ့တွင်ပင် ချိုသုံးချောင်းသည် နုတ်ပစ်ခြင်းခံရ၏။ ထိုချိုငယ်သည် မျက်စိပါ၍ စကားကြီးစကားကျယ်ပြောဆိုတတ်သောနှုတ်ရှိပြီး အခြားချိုများထက်ထူးခြား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version20 ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချို ဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက် မှပေါ်ပေါက်လာကာအခြားဦးချိုသုံး ချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့် ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြား ဦးချိုများထက်ကြောက်မက်ဖွယ်ကောင်း သောဦးချိုငယ်အကြောင်းကိုလည်းကောင်း သိလို၏။ အခန်းကိုကြည့်ပါ။ |
ထိုညအခါ၊ တစ်ဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။
ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်လည်းကောင်း ပြည့်စုံ၏။