Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 6:25 - Judson Bible in Zawgyi Version

25 ထို​အ​ခါ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​တို့၌ နေ၍၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​ရှိ​ရာ​သို့ အ​မိန့်​တော်​စာ​နှင့် စေ​လွှတ်​တော်​မူ၏။ စာ​ချက်​ဟူ​မူ​ကား၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 ထို့နောက် ဒါရိ​မင်းကြီး​သည် မြေ​တစ်ပြင်လုံး​ရှိ​နိုင်ငံ​အသီးသီး​မှ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​လိုက်​၏​။ ထို​စာ​တွင် “​သင်​တို့​၌ ငြိမ်ဝပ်ချမ်းသာ တိုးပွား​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 ထို​နောက်​ဒါ​ရိ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး​အ​သီး သီး​နှင့် နိုင်​ငံ​အ​သီး​သီး​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​သ​ဝဏ်​လွှာ​တစ်​စောင်​ရေး​သား​ပေး ပို့​တော်​မူ​၏။ ထို​သ​ဝဏ်​လွှာ​တွင်``သင်​တို့​သည်​ချမ်း​မြေ့ သာ​ယာ​ကြ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 6:25
14 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် စာ​တိုက်​စိုး​ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ မှ​စ၍၊ ရှ​မာ​ရိ​မြို့၌​နေ​သော ထို​သူ​တို့၏ အ​ပေါင်း​အ​ဖော်​များ၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခြား​သူ​များ​တို့​ရှိ​ရာ​သို့ ပြန်​ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊


ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။


ထို​သို့ မော်​ဒ​ကဲ​အ​ဖို့​လုပ်​သော လည်​ဆွဲ​ချ​တိုင်၌ ဟာ​မန်​ကို ဆွဲ​ချ​ကြ၏။ ရှင်​ဘု​ရင်​လည်း စိတ်​ပြေ​တော်​မူ၏။


ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊


တွင်း​ကို​လည်း နက်​စွာ​တူး​သ​ဖြင့်၊ မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​တတ်၏။


ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။


ဖြောင့်​မတ်​သော​သူ​သည် ဒု​က္ခ​ထဲ​က​ထွက်​မြောက်၍၊ သူ့​ကိုယ်​စား မ​တ​ရား​သော​သူ​ခံ​ရ၏။


ထို​အ​ခါ သံ​တော်​ဆင့်​တစ်​ယောက်​က၊ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​တို့၊


ငါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး ကြား​မှာ​လိုက်​သည်။ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​နေ၍ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော​လူ​မျိုး​တ​ကာ​တို့၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။


မိ​မိ​အ​ဖော်၌​ပြု​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း သူ၌​ပြု​ရ​မည်။ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ထို​သို့​ပယ်​ရှား​ရ​မည်။


ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ကို​လည်း​ကောင်း၊ သိ​သော​ဉာဏ်​အား​ဖြင့်၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ များ​ပြား​ပါ​စေ​သော။


သင်​တို့၌ က​ရု​ဏာ​ရှိ​ပါ​စေ​သော။ ငြိမ်​သက်​ခြင်း​နှင့် ချစ်​ခြင်း များ​ပြား​ပါ​စေ​သော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ