ဒံယေလ 6:20 - Judson Bible in Zawgyi Version20 ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကိုခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်20 ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version20 ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပျပ်ဝပ် ကိုးကွယ်အံ့သောငှာ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ်ဘုရားရှိသနည်းဟု မိန့်တော်မူ၏။
ငါအစိုးရသော တစ်နိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရား ဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။