Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 5:9 - Judson Bible in Zawgyi Version

9 ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် အ​လွန်​စိတ်​ပူ​ပန်​ခြင်း၊ မျက်​နှာ​တော်​ညှိုး​ငယ်​ခြင်း​ရှိ၍၊ မှူး​တော်​မတ်​တော်​တို့​သည် မှိုင်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ဗေလရှာဇာ​မင်းကြီး​လည်း ပို၍​စိုးရိမ်ထိတ်လန့်​ကာ မျက်စိ​မျက်နှာပျက်​လေ​၏​။ သူ​၏​မှူးမတ်​တို့​လည်း ကြံရာမရ​ဖြစ်​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​အ​ခါ​ဗေ​လ​ရှာ​ဇာ​မင်း​သည်​လွန်​စွာ​ပူ​ပင် သော​က​ရောက်​တော်​မူ​သ​ဖြင့် ပို​၍​ပင်​မျက်​နှာ ညှိုး​ငယ်​လာ​လေ​သည်။ မှူး​မတ်​တို့​သည်​လည်း မှိုင်​တွေ​လျက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 5:9
12 ပူးပေါင်းရင်းမြစ်များ  

လေး​မြား​တော်​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။


ထို​အ​ရပ်၌ သူ​တို့​သည် ကြောက်​လန့်​ခြင်း​သို့​ရောက်၍ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ရှိ​ကြ၏။


ယောက်ျား​သည် သား​ဖွား​တတ်​သ​လော​ဟု မေး​မြန်း​ကြည့်​ရှု​ကြ​လော့။ မိန်း​မ​သည် သား​ဖွား​ခြင်း ဝေ​ဒ​နာ​ကို​ခံ​ရ​သော​အ​ခါ၊ မိ​မိ​ခါး၌ လက်​တင်​သ​ကဲ့​သို့ ယောက်ျား​တိုင်း​ပြု၍၊ ခပ်​သိမ်း​သော​သူ​တို့​သည် မျက်​နှာ​ပျက်​လျက် ရှိ​ကြ​သည်​ကို အ​ဘယ်​ကြောင့် ငါ​မြင်​ရ​သ​နည်း။


ထို​သ​တင်း​ကို ငါ​တို့​သည်​ကြား၍ လက်​အား​လျော့​ကြ၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။


ငါ​မူ​ကား၊ တစ်​ယောက်​တည်း​နေ​ရစ်၍ ထို​ကြီး​စွာ​သော ရူ​ပါ​ရုံ​ကို​မြင်​ရ​လျှင်၊ ခွန်​အား​လျော့၍ မျက်​နှာ​ပျက်​လျက်၊ ကိုယ်၌ အ​စွမ်း​သ​တ္တိ အ​လျှင်း​မ​ရှိ ဖြစ်​လေ၏။


နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် နန်း​စံ​နှစ်​နှစ်​တွင်၊ အိပ်​မက်​ကို မြင်​တော်​မူ၍ ထိတ်​လန့်​ခြင်း စိတ်​ရှိ​သော​ကြောင့်၊ စက်​တော်​မ​ခေါ်​နိုင်​သည်​ဖြစ်၍၊


မျက်​နှာ​တော်​ညှိုး​ငယ်၍ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊ ခါး​ဆစ်​ပြုတ်​မ​တတ်​ဖြစ်၍ ဒူး​ခြင်း​ထိ​ခိုက်​သည်​ရှိ​သော်၊


ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊-


လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ