ဒံယေလ 5:2 - Judson Bible in Zawgyi Version2 စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရုရှလင်မြို့ ဗိမာန်တော်ထဲက ခမည်းတော်နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကိုယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ထိုသို့ စပျစ်ဝိုင်သောက်ရင်း ဗေလရှာဇာမင်းကြီးသည် ဂျေရုဆလင်ဗိမာန်တော်မှ မိမိခမည်းတော်နေဗုခဒ်နေဇာမင်းကြီး သိမ်းယူလာခဲ့သောရွှေဖလား၊ ငွေဖလားတို့ကို ယူခဲ့ရန် အမိန့်ပေး၏။ ရှင်ဘုရင်မှစ၍ မှူးမတ်များ၊ မိဖုရားများနှင့် ကိုယ်လုပ်တော်များသည် ထိုဖလားများဖြင့် စပျစ်ဝိုင်ကို သောက်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ယင်းသို့သောက်လျက်နေစဉ်ယေရုရှလင် မြို့ဗိမာန်တော်မှခမည်းတော်နေဗုခဒ် နေဇာမင်းသိမ်းယူခဲ့သည့် ရွှေဖလား၊ ငွေ ဖလားများကိုရှေ့တော်သို့ဆောင်ယူခဲ့ရန် မိန့်တော်မူ၏။ မိမိနှင့်တကွမှူးမတ်များ၊ မိဖုရားများနှင့်မောင်းမမိဿံများစပျစ် ရည်သောက်ရန်ထိုဖလားများကိုယူခဲ့ရန် အမိန့်ပေး၏။- အခန်းကိုကြည့်ပါ။ |
နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ဗိမာန်ထဲက တစ်ဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော်မူလျက်၊
သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော သူတစ်ယောက်သည် နိုင်ငံတော်တွင် ရှိပါ၏။ ခမည်းတော်ဘုရား လက်ထက်တော်၌၊ ထိုသူတွင် ဘုရားပညာနှင့်တူသော ပညာဉာဏ်သတ္တိ ထင်ရှားလျက်ရှိပါ၏။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီးသည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော်မူ၏။
ကောင်းကင်ဘုံ၏ အရှင်ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန်တော်၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ ကိုယ်တော်တိုင်မှစသော မှူးတော်မတ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် စပျစ်ရည်ကို သောက်ကြပြီတကား။ မျက်စိမမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း၍၊ ကိုယ်တော်၏ အသက်သခင်တည်းဟူသော ကိုယ်တော်၏အမှုအလုံးစုံတို့ကို စီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား။